သိပ္ပံအသုံးပြုမှုများတဲ့နိုင်ငံက
လောကီမှာ တိုးတက်တယ်။
သိပ္ပံအသုံးပြုမှုနည်း
နတ်ပူး၊ နဂါးပူးက
လောကီမှာ နောက်ကျကျန်တယ်။
မိုးရွာဖို့ သိပ္ပံပညာမသိခင်က
လွန်ဆွဲမိုးခေါ်ကြတယ်။
သိပ္ပံပညာနားလည်တဲ့နိုင်ငံက
ကြိုက်တဲ့အချိန်
cloud seeding နည်းပညာအသုံးပြုပြီး
မိုးရွာအောင် လုပ်တယ်။
လောကုတ္တရာအဖြေနဲ့
လောကီမေးခွန်းကိုဖြေတဲ့အခါ
တိုင်ပတ်သွားနိုင်တယ်။
လောကီပြဿနာအဖြေရှာဖို့
ဗုဒ္ဓအဆုံးအမကိုလိုက်နာပြီး
သိပ္ပံပညာလေ့လာဖို့လိုတယ်။
ဒါကြောင့် ကျောင်းတွေမှာ
ရုပ်ဝတ္ထုတွေအကြောင်း နားလည်ဖို့
ရူပဗဒေ။
ဒြပ်ဝတ္ထုတွေအကြောင်း နားလည်ဖို့
ဓာတုဗဒေ။
သက်ရှိတွေအကြောင်း နားလည်ဖို့
ဇီဝဗဒေ။
လက်တွေ့ပြဿနာ တိတိကျကျ
အဖြေရှာနိုင်ဖို့ သင်္ချာ။
ဆက်သွယ်နိုင်ဖို့ ဘာသာစကားကို
သင်ကြားခဲ့ကြတာဖြစ်တယ်။
ဒီနေ့ခေတ်မှာ
လူတွေ လုပ်ငန်းတွေ အဖွဲ့အစည်းတွေကို
အုပ်ချုပ်ဖို့ management science အုပ်ချုပ်မှုသိပ္ပံ။
နိုင်ငံရေးမှာ political science
နိုင်ငံရေးသိပ္ပံ။
အစရှိတာတွေပါ်လာပြီ။
သိပ္ပံဆိုတာ ဥုံဖွပညာမဟုတ်ဘူး။
ထပ်ခါထပ်ခါ သက်သေပြလို့ရတယ်။
ဥုံဖွလုပ်ပြီး မိုးပေါ်ပျံလို့မရဘူး။
သိပ္ပံပညာသုံးရင် လူတွေကို
မိုးပေါ်ပျံခိုင်းပြီး
တစ်နေရာက တစ်နေရာပို့လို့ရတယ်။
လောကီပြဿနာရဲ့အဖြေက
သိပ္ပံပညာမှာရှိတယ်။
Phyo Paing @ Derek