အရှုံးကို လက်မခံနိုင်တဲ့ လူနဲ့
လူမှုအဖွဲ့အစည်းတစ်ခုက
ရှေ့ရောက်ဖို့ခက်တယ်။
ဘဝမှာ အမြဲအဆင့် ၁ ရနေမှာမဟုတ်ဘူး။
အရှုံး၊ ကြေကွဲမှု၊ ဒဏ်ရာ၊
ဝေဒနာ ဒီအချက်တွေက
သင်ခန်းစာယူပြီး
ဘဝကို တည်ဆောက်ရတာမျိုး။
မွေးကတည်းက စာတော်၊
ရုပ်ချော၊
အိမ်ကချမ်းသာ၊
ဂုဏ်ထူးတွေထွက်၊
အကောင်းဆုံးတက္ကသိုလ်တွေတက်၊
ပထမဆုံးချစ်ခဲ့တဲ့ချစ်သူနဲ့ညား၊
လိုချင်တဲ့ကလေးတွေမွေး၊
ကမ္ဘာပတ်၊
အိမ်တွေဝယ်၊ ကားကောင်းကောင်းတွေရှိ၊
မိဘဆီကအမွေရ၊
လူတွေအသိအမှတ်ပြု အောင်မြင်။
လိုတိုင်တရ။
ဒီလိုမြင်ရတာ ကိုရီးယားကားနဲ့
social media ပေါ်မှာပဲရှိလိမ့်မယ်။
ဘဝမှာ မကျန်းမာတဲ့အချိန်၊
အလုပ်ခွင်မှာ စိတ်ညစ်ရတဲ့အချိန်၊
လုပ်ငန်းတွေအဆင်မပြေတဲ့အချိန်၊
အချစ်ရေးမှာ ကြေကွဲတဲ့အချိန်၊
လိုချင်တဲ့အတိုင်းမဖြစ်တဲ့အတွက်
စိတ်ညစ်ရတဲ့အချိန်၊
လူတွေကိုယ့်ကို ကဲ့ရဲ့တဲ့အချိန်၊
အချုပ်အနှောင်တွေနဲ့နေရတဲ့အချိန်
ဒါတွေက ဘဝရဲ့တစ်ကွေ့မဟုတ်
တစ်ကွေ့မှာ ကြုံရမှာပဲ။
ဒါကို သူများကိုအပြစ်တင်ပြောနေတာနဲ့၊
ကိုယ်တိုင်တိတ်တဆိတ်ကြေကွဲလိုက်၊
အဖြေရှာလိုက်၊ ကျော်လွှားလိုက်
ဒီနှစ်မျိုးပဲကွာကောင်းကွာလိမ့်မယ်။
လောကမှာ ရှင်သန်နေသမျှ
လောကဓံ ၈ ပါးနဲ့ကြုံနေအုံးမှာပဲ။
အရှုံးတိုင်းက အဆုံးမဟုတ်ဘူး။
လမ်းဆုံးမဟုတ်သေးဘူး။
အခက်အခဲတိုင်းရဲ့ တစ်ဖက်ခြမ်းမှာ
အခွင့်အလမ်းတွေရှိတယ်။
ဒါကြောင့် တရုတ်လို 危机
အကြပ်အတည်းဆိုတဲ့စကားလုံးမှာ
ပထမစကားလုံးက 危 ဝေးက အန္တရာယ်။
ဒုတိယစကားလုံး 机 ကျီးက အခွင့်အလမ်း။
အခက်အခဲတိုင်းရဲ့ တစ်ဖက်ခြမ်းမှာ
အခွင့်အလမ်းတွေရှိတယ်။
လဲကျပြန်ထ ဒါဘဝပါ။
Phyo Paing @ Derek