အခုချိန် ပြည်တွင်းမှာရှိနေတဲ့သူတွေ
အများစုဟာ Stress ဒဏ်ကို
အနည်းနဲ့ အများခံကြရတယ်လို့ယူဆတယ်။
တိုးမြင့်လာတဲ့ ဒေါ်လာ၊ ဘတ်၊ ယွမ်နဲ့
ကျဆင်းလာတဲ့ ငွေစျေးနှုန်း။
ရောင်းရမလား၊ ရပ်ထားရမလားအပြင်
ခိုးဆိုးလုယှက်မှုတွေနဲ့
လုပ်ငန်းအရေး၊ သားသမီးရေးအရ
ဒီမှာပဲ ဆက်နေရမလား၊
ပြောင်းရမလား စဥ်းစားရင်း
ဒီမှာက အခြေကျနေပြီး
နေရာတစ်ခုမှာ ဘဝအသစ်စတယ်ဆိုတာ
အချိန်တစ်ခု ပေးရတာဖြစ်တဲ့အတွက်
တွန့်ဆုတ်နေရတာမျိုးတွေလဲ
ဖြစ်နိုင်တယ်။
ဒီလို ပြဿနာတွေကြားမှာ
စိတ်ခံစားမှုတွေနောက်ပဲလိုက်
နေ့စဥ် ဘူနေတာကို ကျော်လွှားနိုင်ဖို့
နေ့စဥ် reset လုပ်တာ ထိရောက်မှု
တစ်ခုတော့ ရှိတယ်လို့ မြင်တယ်။
အများစုက ညနေမှာ ဝိုင်လေးသောက်၊
သူငယ်ချင်းတွေနဲ့ တွေ့ပြီး
reset လုပ်ကြတယ်။
နောက်ပြီး
မနက်ထတိုင်း တရားထိုင်တာ
ဒါက reset လုပ်တာပဲ။
စာအုပ်ဖတ်၊ လေ့ကျင့်ခန်းလုပ်တာ
reset လုပ်တာပဲ။
ဒီနေ့ တစ်နေ့တော့ပြီးသွားပြီ
journaling လုပ် ပြန်သုံးသပ်တာ
reset လုပ်တာပဲ။
ဒီလို reset လုပ်ဖို့ structure လိုတယ်။
ဘဝမှာ structure မရှိရင်
စည်းကမ်း discipline က မတည်မြဲဘူး။
စည်းကမ်းမတည်မြဲရင်
အလိုလိုပေါက်တဲ့ မြက်ပင်တွေလို
အရှုပ်တွေပဲ ကိုယ့်ဘဝမှာ များနေမယ်။
Phyo Paing @ Derek