ကိုယ် လွတ်လပ်ချင်တယ်လို့ ပြောတယ်။
ဒါပေမယ့် ဘာကိုမှ လွတ်မချနိုင်ဘူး။
ဒါ လွတ်လပ်ချင်တာ မဟုတ်ဘူး။
ဒါ အကုန်လုံး ရချင်နေတာ။
လုပ်ငန်းရှင် ဖြစ်ချင်တယ်။
ဒါပေမယ့် လစာကို မစွန့်ရဲဘူး။
ကိုယ်ပိုင် အချိန် ရချင်တယ်။
ဒါပေမယ့် control ကို မလွှတ်ရဲဘူး။
ပြောင်းလဲချင်တယ်။
ဒါပေမယ့် အရင်အတိုင်းက အဆင်ပြေနေတာကို မချနိုင်ဘူး။
လက်ထဲမှာ တစ်ခုခု ကိုင်ထားရင်
လက်က ဘယ်တော့မှ အခြားတစ်ခု ကိုင်လို့ မရဘူး။
လက်ဟောင်းက ကျွမ်းနေပြီ။ အဆင်ပြေနေပြီ။
ဒါပေမယ့် ကိုယ် လိုချင်တဲ့ အရာအသစ်က
အဲ့ဒီလက်ကို အသုံးပြုဖို့ စောင့်နေတယ်။
ချမှ ကိုင်လို့ ရမယ်။
သစ်ပင်က ရွက်ဟောင်းတွေ ကြွေမှ
ရွက်အသစ် ထွက်တယ်။
ကြွေတာ ဆုံးရှုံးတာ မဟုတ်ဘူး။
ကြွေတာ နေရာဖွင့်ပေးတာ။
ကိုယ့်ဘဝမှာ ဘာကို ဆုပ်ကိုင်ထားလဲ ပြန်ကြည့်ပါ။
ဒါ ကိုယ့်ကို ကာကွယ်နေတာလား?
ဒါ ကိုယ့်ကို ဖိထားနေတာလား?
လွတ်လပ်ချင်ရင် အဖြေက ရိုးရှင်းပါတယ်။
လွတ်ချလိုက်ပါ။
Phyo Paing @ Derek