ကိုယ့်ဘဝကို ပြောင်းလဲစေတဲ့
အရာအများကြီးထဲမှာ
Psychology,
Entrepreneurship နဲ့
Marketing သုံးခုပါတယ်။
စိတ်ပညာတတ်တော့
လူတွေကို နားလည်လွယ်တယ်။
လူတွေကစားတဲ့ ဂိမ်းတွေကို
အကွက်တွေမြင်တော့
ကိုယ့်ကို လာ play လို့ မလွယ်တော့
ဒရာမာတွေကို ရှောင်လို့ရတယ်။
ကိုယ့်ရဲ့ စွမ်းဆောင်ရည်မြင့်အောင်
ကိုယ့်စိတ်ကိုယ် စီမံခန့်ခွဲလာနိုင်တယ်။
စွန့်ဦးတီထွင်မှုနားလည်တော့
စျေးကွက်ပြဿနာကို
အမြတ်ငွေယူ ဘယ်လိုဖြေရှင်းရမလဲ
နားလည်လာတယ်။
လူနဲ့ စနစ်အားသုံးပြီး
လည်ပတ်မှုထဲ
ကိုယ်မပါဘဲ ငွေရှာပေးဖို့
လုပ်ဆောင်လို့ရတယ်။
မားကတ်တင်းနားလည်တော့
သူစိမ်းကို အသိ၊
အသိကို ဖောက်သည်၊
ဖောက်သည်ကို အမာခံပရိသတ်၊
အမာခံပရိသတ်ကို အတွင်းလူပြောင်းဖို့
နည်းလမ်းတွေသိလာတယ်။
ဒီနေ့လို ဒီဂျစ်တယ်ဆက်သွယ်ရေးခေတ်မှာ
ဘယ်နေရာနေနေ မားကတ်တင်းလုပ်လို့ရတဲ့
လွယ်ကူတဲ့ အတတ်ပညာတစ်ခုဖြစ်လာတယ်။
Phyo Paing @ Derek