ဝင်ငွေကို ငွေဝင်အောင်
ပြန်ပြောင်းပါ။
ကိုယ့်ကို ငွေရှာပေးတဲ့အရာတွေမှာ
ငွေသုံးရမှာ မနှမြောပါနဲ့ဆိုတဲ့
အယူအဆတစ်ခု ရေးခဲ့ဖူးတယ်။
ဖုန်း၊ ကင်မရာ၊ ကွန်ပြူတာ
ကိုယ့်ကို ငွေရှာပေးနိုင်တဲ့အရာတွေမှာ
ငွေသုံးဖို့ မနှမြောခဲ့တာ
ဘဝမှာ မှန်ကန်တဲ့အရာတစ်ခုလို့ဆိုနိုင်တယ်။
ဝင်ငွေကို သုံးလို့ရတယ်။
စုလို့ရတယ်။
ပွားလို့ရတယ်။
ကိုယ့်နိုင်ငံလို ကျန်းမာရေးစောင့်ရှောက်မှုအတွက်
အာမခံ အများစုမထားထား၊
ပင်စင်မရှိတဲ့ နေရာမှာ
အနာဂတ်အတွက်
ဝင်ငွေကို ငွေဝင်အောင်ပြန်ပြောင်းနိုင်မှ
တော်ကာကျမယ်လို့ထင်တယ်။
Phyo Paing @ Derek