Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ဝင်ငွေလမ်းကြောင်း ၃ ခု ထက်ပိုလိုတယ်။

ဒီနေ့ခေတ်က ကိုယ့်အလုပ်တစ်ခု
ဝင်ငွေနဲ့ပဲ ရပ်တည်တာဟာ
အန္တရာယ်တော်တော်များလှတယ်။

လူတွေရဲ့သဘောတရားအရက
ငွေဝင်လေ ပိုသုံးလေဖြစ်တတ်တယ်။
ငွေပိုသုံးလေ ကိုယ့်ရဲ့လူနေမှုအဆင့်အတန်း
lifestyle အတွက် ငွေပိုရှာရလေဖြစ်တတ်တယ်။

ဒါကြောင့် ကိုယ့်ရဲ့ဝင်ငွေကို
အလုပ်တစ်ခုထက်ပိုထားသင့်တယ်လို့မြင်တယ်။
ဒါကို Multiple income streams (MIS) လို့ခေါ်တယ်။

ကိုယ်တိုင်အလုပ်လုပ်လို့ ဝင်တဲ့ဝင်ငွေ
Active income
ကိုယ်တိုင်အလုပ်မလုပ်ပဲ
အိပ်နေလဲငွေရှာပေးနေတဲ့ဝင်ငွေ
Passive income
ကိုယ့်လုပ်ငန်းကို အလုံးလိုက်အကောင်လိုက်
ပြန်ရောင်းတဲ့အခါ ပြန်ရတဲ့ဝင်ငွေ
Value of the company
ဒီသုံးခုပေါ်မူတည်ပြီး ဝင်ငွေတည်ဆောက်ထားဖို့လိုတယ်။

ဥာဏလုပ်သားတစ်ယောက်နဲ့ ဥပမာပေးကြည့်မယ်။

လုပ်ငန်းတစ်ခုက Digital Marketer
တစ်ယောက်ဆိုပါတော့။
သူ့လုပ်ငန်းမှာ ဝန်ထမ်းလုပ်တဲ့အတွက်
လစာ salary ရမယ်။

သူ့အလုပ် ကျွမ်းကျင်မှုနဲ့
SME လုပ်ငန်းတွေကို ဒီဂျစ်တယ်မားကတ်တင်း
အလွတ်တန်းသမား freelancer အဖြစ်
ရုံးချိန်ပြင်ပမှာ side gig အဖြစ်လုပ်မယ်။
ဒါဆိုရင် သူ့ရဲ့ active income တိုးတက်လာမယ်။

Page တစ်ခုလုပ်မယ်။
ကုမ္ပဏီတစ်ခုမှာ digital marketer အဖြစ်
အလုပ်လုပ်လိုသူများအတွက်
content တွေရေးပြီး မျှဝေမယ်။
နောက် interview ဖြေတာကအစ
လုပ်ငန်းတစ်ခုမှာ digital marketing လုပ်ရင်
လိုအပ်တဲ့ ကျွမ်းကျင်မှုတွေကို စနစ်တကျ
online course လုပ်မယ်။
ဒီကနေ ကိုယ့်အချိန်နဲ့ လဲစရာမလိုတဲ့
passive income ဖန်တီးလို့ရမယ်။

ဒီကမှတစ်ဆင့် ကိုယ့်ရဲ့ page ကကြီးလာမယ်။
အမှတ်တံဆိပ်သေချာတည်ဆောက်မယ်။
တခြားဆရာတွေရဲ့ သင်တန်း online course ကို
ကိုယ့် website မှာတင်ပေးထားနိုင်မယ်။
ဒီကနေ commission ပြန်ရနိုင်တယ်။

နောက်ပိုင်း လေ့လာတဲ့ အသုံးပြုသူ
active user များလာတဲ့အခါ
ကိုယ့်လုပ်ငန်းကို ဝယ်မည့်သူရှိရင်
အလုံးလိုက်အကောင်လိုက်ပြန်ရောင်းပြီး
cash out (exit) လုပ်လို့ရတယ်။

ဒါကတော့ Active Income
Passive Income နဲ့
Value of the company ကို
တည်ဆောက်တဲ့ဥပမာတစ်ခုဖြစ်တယ်။

Phyo Paing @ Derek

Share Your Idea!​