Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

သင်ခန်းစာယူပါ။

ကျွန်တော် နောင်တတွေရဖူးတယ်။

လူတွေက အမှားတွေ ထပ်ခါ ထပ်ခါ

ထပ်လုပ်တတ်ကြတယ်။

အမှားတွေက သင်ခန်းစာယူဖို့

ကိုယ်လုပ်ခဲ့တဲ့အမှားတွေကို ပြန်လည်သုံးသပ်ဖို့လိုတယ်။

တချို့က လုပ်ခဲ့တဲ့ လုပ်ရပ်၊

ဒါမှမဟုတ် မလုပ်ခဲ့တဲ့ လုပ်ရပ်ကြောင့်

နောင်တ တွေ ရတတ်ကြတယ်။

ဘဝနဲ့ သက်ဆိုင်တဲ့ ဆိုင်တဲ့ ကိုယ်ရှောင်ရှားချင်တဲ့

စိတ်ခံစားမှုတွေထဲမှာ နောင်တ regret ပါရင်

ကိုယ့်ကို နောင်တရစေတဲ့ အချက်တွေကို ချရေးကြည့်ပါ။

အလုပ်သေချာ မလုပ်ခဲ့တဲ့ အချိန်တိုင်း နောင်တရတတ်တယ်။

အာရုံထွေပြားဝေဝါးပြီး မရာမထင်တဲ့အလုပ်တွေ

လုပ်နေမိရင်နောင်တရတတ်တယ်။

ဒီနေ့အတွက် အနာဂတ်အတွက်

ဝင်ငွေ မရမည့်အလုပ်တွေ လုပ်မိရင် နောင်တရတတ်တယ်။

ဒီနေ့လုပ်နေတဲ့ အလုပ်က

အနာဂတ်မှာ ရွေးချယ်စရာတွေကို

ပိုမများစေခဲ့ရင် နောင်တရစေတတ်တယ်။

လူတစ်ယောက်အပေါ် မျှော်လင့်ချက်တွေထားပြီး

မျှော်လင့်တဲ့အတိုင်း ဖြစ်မလာတဲ့အခါ နောင်တရတတ်တယ်။

ဒီအပေါ်မူတည်ပြီး ဥပဒေသတွေထုတ်တယ်။

အလုပ်ကို ပိုးစိုးပက်စက်လုပ်။

အာရုံစူးစိုက်။

ကိုယ့်ကို ဂုဏ်ယူစေတဲ့အရာတွေကိုလုပ်။

လူတွေအနောက်မလိုက်နဲ့။ အိမ်မက်တွေ အနောက်ပဲလိုက်။

ဘဝနဲ့ သက်ဆိုင်တဲ့ ငွေကုန်၊ အချိန်အများကြီးကုန်စေမည့်အလုပ်တွေကို

သေချာစဥ်းစားပြီးမှ ဆုံးဖြတ်ချက်ချ။

Phyo Paing @ Derek

Share Your Idea!​