နေ့စဉ်ဆောင်ရွက်နေတဲ့ ကျွန်တော်တို့ရဲ့အမူအကျင့်တွေကို သေချာလေ့လာဖို့ လိုအပ်ပါတယ်။ ဘာဖြစ်လို့ဆိုလဲတော့ များသောအားဖြင့် ကျွန်တော်တို့ရဲ့ အလေ့အကျင့်တွေဟာ ကျွန်တော်တို့ဘ၀ကို ပုံဖော်သွားတတ်လို့ပါပဲ။ အလေ့အကျင့်ကောင်းတွေ ပြုစုပျိုးထောင်ခြင်းက သင့်ကို မှန်ကန်တဲ့လမ်းကြောင်းပေါ်ကို ဆွဲခေါ်သွားမှာပဲဖြစ်ပါတယ်ခင်ဗျာ။ အဲ့ဒီအလေ့အကျင့်ကောင်းတွေက သင့်ကို ပိုမိုပြီးပြည့်စုံတဲ့ဘဝတွေကိုရရှိဖို့ အထောက်အကူဖြစ်စေပါလိမ့်မယ်။ ဒီနေရာမှာ ကျွန်တော်က အလေ့အကျင့်ကောင်း (၇)ခုကို ဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာ။
၁။ သင့်ရဲ့ဘ၀ကို ဆုတ်ယုတ်စေမယ့် သူတွေနဲ့ ဝေးဝေးမှာနေပါ။
အမြဲတမ်း စိတ်ညစ်စရာတွေတွေးပြီး၊ မပျော်မရွှင်နှင့် သူတစ်ပါးကို ဘယ်တော့မှ အကောင်းမမြင်နိုင်တဲ့သူတွေနဲ့ နီးနီးမှာနေခြင်းဟာ သင့်ကို အဆိပ်အတောက်ဖြစ်စေတဲ့ လူတစ်ယောက် ဖြစ်လာစေနိုင်ပါတယ်။ ဒါ့ကြောင့်ဝေးဝေးမှာနေပါ။ သင့်ဘ၀ကို အမှန်တကယ် လမ်းပြပေးနိုင်မည့် အပေါင်းအသင်းကို ရှာဖွေပေါင်းသင်းပါ။ သူတို့ဟာ သင့်ကိုအနှောင့်အယှက်ပေးမယ့်သူ တော်တော်များများရဲ့ရန်ကနေ အကာကွယ်ပေးနိုင်ပါလိမ့်မယ်။
၂။ အိပ်ယာ၀င်ချိန်တွင် ကွန်ပျူတာတွေ၊ ဖုန်းတွေကို သင့်ရဲ့အိပ်ယာဘေးမှာမထားပါနှင့်။
ဒါဟာအရေးကြီးပါတယ်။ ဖုန်းတွေ၊ ကွန်ပျူတာတွေကို အိပ်ယာဘေးမှာ ထားအိပ်ခြင်းဟာ သင့်ကို အိပ်ရေးပျက်စေပြီး၊ အလုပ်မဖြစ်ဘူးဆိုတာ လူတော်တော်များ သတိမထားမိကြပါဘူး။ လိုင်းအလျားတိုတဲ့ အပြာရောင် အလင်းတန်းငယ်လေးတွေဟာ သင့်ကို စိတ်ခြောက်ခြားစေခြင်း၊ စွမ်းအင် Level တွေကျဆင်းစေခြင်းနှင့် နှစ်ခြိုက်စွာ အိပ်မပျော်စေခြင်းတွေကို ဖြစ်စေတတ်လို့ပါ။
၃။ အခုပဲကျေးဇူးတင်စကားဆိုလိုက်ပါ။
ကျေးဇူးတင်စကားပြောခြင်းဟာ ပျော်ရွှင်ငြိမ်းချမ်းခြင်းရဲ့ အခြေခံပဲဖြစ်ပါတယ်။ ချမ်းသာမှု၊ လိုချင်တပ်မက်စရာေ ကာင်းမှု တွေတော့ မဟုတ်ဘူးပေါ့ဗျာ။ ဒါပေမယ့် သင့်ရဲ့ရရှိမှုတွေအတွက် ရိုးရိုးလေးပဲ ကျေးဇူးတင်စကား ဆိုလိုက်ပါ။ အဲ့အချက်ကလည်း သင့်အတွက် အထောက်အကူဖြစ်စေမှာပါ။
၄။ ပြဿနာတွေဟာ သင်တစ်ယောက်တည်း ကြုံနေရတာမဟုတ်ဘူးဆိုတာ သင်သိထားသင့်ပါတယ်။
တစ်ခြားသူတွေဟာ အပေါ်ယံ ပြည့်စုံမှု၊ အောင်မြင်တွေကိုပဲ မြင်ကြပါလိမ့်မယ်။ ထိုအရာတွေရဲ့နောက်ကွယ်က ပြဿနာပေါင်းသောင်းခြောက်ထောင်ကို ဖြေရှင်းနေရတာတွေ သူတို့မသိပါဘူး။ ပြည့်စုံခြင်းဆိုတာ တံလျှပ်တစ်ခုလို ဖြစ်နေနိုင်ပါတယ်။ သင်ဟာ အရာအားလုံးကိုကြိုသိနေတဲ့ သူမဟုတ်သလို့ အကြားအမြင်ဆရာတစ်ယောက် လည်းမဟုတ်ပါဘူး။ ဒါကြောင့် ဖြစ်လာနိုင်တဲ့ ပြဿနာတိုင်းကို အံ့သြမသွားပါနဲ့။ ဘာဖြစ်လို့လဲဆိုတော့ ပြဿ နာတွေကို ရင်ဆိုင်နေရတာဟာ သင်တစ်ယောက်တည်းမဟုတ်ပါဘူး။
၅။ သင်ဟာ ရှုံးနိမ့်မှုတွေကြားမှာလဲကျနေလျှင်တောင်မှ ချက်ချင်းပြန်ထပါ။
၀တ္ထုရေးဆရာတော်တော်များများဟာ သူတို့ကိုယ်တိုင် ဇာတ်လမ်းထဲမပါရင်တောင်မှ စာမျက်နှာတစ်ရွက်ပြီး တစ်ရွက် သူတို့ရဲ့ ဇာတ်ကောင်ဇာတ်ကွက်တွေပေါ်မှာပဲ နာရီပေါင်းများစွာ အချိန်ပေးကြပါတယ်။ Idea တစ်ခုကို အကောင် အထည်ဖော်ဖို့အတွက် အချိန်တွေလိုအပ်တယ်ဆို သူတို့သိကြပါတယ်။ ကျွန်တော်တို့ရဲ့ idea ဟာ မပြည့်စုံနိုင်ဘူး ပြီးတော့ ကျွန်တော်တို့ဘာတွေပဲ လုပ်လုပ် မကောင်းနိုင်ဘူးဆိုတဲ့ အတွေးတွေကြောင့် ကျွန်တော်တို့ဟာ စတင်ဖို့ အချိန်တန် နေရင်တောင်မှ သွေးအေးအေးနဲ့ ရှိနေတတ်ပါတယ်။ သင့်ဟာ ဘာမှမလုပ်ပဲနဲ့ အကောင်းဆုံးအရာတွေ ရရှိအောင် ဘယ်လိုလုပ်နိုင်မလဲ? ဒါကြောင့် သင့်ရဲ့ idea တွေကို အကောင်အထည်ဖော်ဖို့အတွက် အချိန်ပေး လိုက်ပါ။ အရေးကြီးတဲ့အကြံပြုစကားတစ်ခုကို စာရေးဆရာ Jodi Picoult က ယခုလိုအကျဉ်းချုပ်ဖော်ပြထားပါတယ်။ “သင်ဟာ ဖတ်လို့မကောင်းတဲ့ စာမျက်နှာကို ဖတ်လို့ကောင်းအောင် ပြန်လည်ပြင်ဆင်နိုင်ပါတယ်။ ဒါပေမယ့် ဘာမှမရှိတဲ့ စာမျက်နှာကို တော့ ဘာမှပြန်လည်ပြင်ဆင်လို့မရပါဘူး” ဆိုပြီးရေးသားထားပါတယ်ခင်ဗျာ ။
၆။ No လို့ပြောပါ။ (မိမိ မလုပ်နိုင်လျှင်မလုပ်နိုင်ကြောင်းပြောပါ။)
ကယ်လီဖိုးနီးယား တက္ကသိုလ်ရဲ့ လေ့လာမှု စစ်တမ်းတွေအရ Noလို့ပြောရမှာ ခက်ခဲနေတဲ့သူတွေဟာ တခြားလူတွေထက် စိတ်ဖိစီးမှုတွေ၊ စိတ်အလိုမကျမှုနှင့် စိတ်ဓါတ်ကျမှုတွေ အပြင် ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်စွမ်းတွေ လျော့နည်းလာတာကိုတွေ့ရှိရပါတယ်။ No ဆိုတဲ့စကားလုံးဟာ တကယ် စွမ်းအားရှိတဲ့ စကားလုံးတစ်ခုပါ သုံးစွဲဖို့မကြောက်ရွံ့့ပါနှင့်။ No ကိုပြောဖို့ လိုအပ်လာတဲ့အချိန်မှာ၊ အကြံပြုတဲ့ စကားစု အသုံးအနှုန်းလေးတွေကတော့။ “ကျွန်တော်လုပ်နိုင်မယ်လို့ မထင်ပါဘူးခင်ဗျာ” ဒါမှမဟုတ် “ကျွန်တော့်အနေနှင့်မသေချာပါဘူးခင်ဗျာ” လို့သုံးစွဲသင့်ပါတယ်။ No လို့ပြောခြင်းဟာ self-control ကို တိုးတက်စေသော လုပ်ရပ်တစ်ရပ်တစ်ခုဖြစ်ကြောင်း မိမိကိုယ်ကို သတိပေးပါ။ No ကို သုံးစွဲခြင်းအားဖြင့် သင့်ရဲ့အနာဂါတ်မှာ negative effects တွေ ၀င်ရောက်ခြင်းကနေ ပိုမိုကာကွယ်နိုင်ပါလိမ့်မယ်။
၇။ လက်တွေ့ကျတဲ့ ရည်ရွယ်တွေကို ဖော်ဆောင်ပါ။
လူဘယ်လောက်များများက ဇန်နဝါရီလ ကနေ စမယ် ဘာမှမလုပ်ပဲ မတ်လ ကျရင် အလေးချိန်ပေါင် ၃၀ လောက်ကျသွားမယ်လို့ ပြောဖူးပါသလား? ကြီးမားတဲ့၊ ကြောက်စရာကောင်းတဲ့၊ လက်တွေ့မှာ ဖြစ်နိုင်ချေ နည်းတဲ့ ရူးကြောင်ကြောင်အတွေးတွေဟာ အစပိုင်းမှာတော့ အရမ်းကို စိတ်ဓါတ်ကိုတက်ကြွစေ ပါလိမ့်မယ်။ ဒါပေမယ့် တဖြည်းဖြည်းနဲ့ကြာလာတဲ့ စိတ်တက်ကြွမှုတွေအစား အပြစ်မြင်ခြင်းတွေ စိတ်ပျက်ခြင်းတွေသာ တိုးပွားလာပါလိမ့်မယ်ခင်ဗျာ။ အဲ့လို ရည်ရွယ်ချက်တွေကို ရပ်ပစ်လိုက်ပါလို့တော့ ကျွန်တော် မုချကြီးတော့ အကြံမပြုချင်ပါဘူး ဒါပေမယ့် ဖြစ်နိုင်ချေရှိတဲ့ လက်တွေ့ကျတဲ့ ရည်ရွယ်ချက်တွေကိုတော့ ဖော်ထုတ်ပါလို့အကြံပြုချင်ပါတယ်ခင်ဗျာ။
Bringing It All Together
ငြိမ်းချမ်းပျော်ရွှင်ခြင်းတွေဟာ လုပ်ယူဖန်တီးလို့မရပါဘူးခင်ဗျာ။ သင့်ရဲ့ပျော်ရွှင်မှု၊ ငြိမ်းချမ်းမှုတွေ ဆိုတာ သင့်အပေါ်မှာပဲ လုံး၀ မူတည်နေပါတယ်လို့ပြောရင်း နိဂုံးချုပ်အပ်ပါသည်ခင်ဗျာ။
Translated by Kaung Thit, Myat Min Lu
Phyo Paing @ Derek