သင်္ချာပုစ္ဆာကို အလွတ်ကျက်ဖြေပြီး
unseen ဆိုရင် ဖင်တုန်အောင်ကြောက်ပြီး
ပညာရေးစနစ်နဲ့ကြီးလာတဲ့
ကျွန်တော်တို့ ဂျင်နရေးရှင်းက
ကိုယ်နဲ့မတူတဲ့အရာတွေနဲ့ အသားမကျတာ၊
အိုင်ဒီယာအသစ်တွေကို အကြောက်အကန်ငြင်းတာ
ဒါက သဘာဝပဲ။
သင်္ချာဆိုတာ ပြဿနာဖြေရှင်းတတ်အောင်
သင်ပေးတဲ့ ပညာရပ်။
သူ့မှာ conditional တွေရှိတယ်။
အကယ်လို့ If တွေကြားမှာ
မသိသေးတဲ့ တန်ဖိုးတွေဖြစ်တဲ့
x တို့ y တို့ကို အဖြေရှာတယ်။
ပေးထားချက်ကို မသိပဲ၊
ပုစ္ဆာကို နားမလည်သ၍
ဘယ်လောက်ကြိုးစားတွက်တွက်
ခေါင်းခြောက်တာပဲ အဖတ်တင်မယ်။
ခေါင်းသုံးရမည့်နေရာမှာ
လက်အား၊ ခြေထောက်အားသုံးရုံနဲ့
အဖြေရဖို့ လွယ်ချင်မှ လွယ်လိမ့်မယ်။
Phyo Paing @ Derek