သင်၊ မြင်၊ ပြင်
ပညာသင်တဲ့ ရည်ရွယ်ချက်က ဒီသုံးလုံးပဲ။
သင် — မသိတာကို သိအောင်လုပ်တာ။
မြင် — မမြင်ဖူးတာကို မြင်လာအောင်လုပ်တာ။
ပြင် — မှားနေတာကို ပြင်တာ။
သင်ပြီး မမြင်ရင် — အချိန်ဖြုန်းတာ။
မြင်ပြီး မပြင်ရင် — အသိဖြုန်းတာ။
ပြင်မှ — တကယ် သင်တာ။
ကိုယ့်ဘဝမှာ ဘာသင်နေလဲ မေးပါ။
ဘာမြင်လာလဲ မေးပါ။
ဘာပြင်ပြီးလဲ မေးပါ။
အဲဒီသုံးခုကို မဖြေနိုင်ရင် — သင်နေတာ မဟုတ်ဘူး။
နားပဲထောင်နေတာ။
Phyo Paing @ Derek