Harvard Professor – Daniel Gilbert က လူတွေဟာ အနာဂတ်မှာ ဘယ်လိုခံစားရမလည်းဆိုတာ ခန့်မှန်းကြတယ်။ ဒါပေမယ့် မမှန်ကြဘူး။
အဆုံးမသတ်
ကျောင်းစာမေးပွဲကြီးပြီးရင် ပျော်မယ်ထင်ခဲ့ကြတယ်။ အလုပ်ရှာဖို့ဖြစ်လာတယ်။ အလုပ်ရရင် ဘဝမှာအေးအေးဆေးဆေးဖြစ်ပြီစဉ်းစားတယ်။ ရုံးတွင်းပြိုင်ဆိုင်မှု Office Politics တွေနဲ့တွေ့တယ်။ ကိုယ်တိုင်စီးပွားရေး လုပ်ရင်တော့ Financial Freedom ရမယ်စဉ်းစားတယ်။ ဝန်ထမ်းစီမံခန့်ခွဲမှု Management ပြဿနာတွေကြုံတယ်။
ရည်မှန်းချက်ပန်းတိုင်ရောက်လို့လည်း ပြဿနာတွေ ၁၀၀% မရှိတော့မှာ မဟုတ်ဘူး။ သူ့ထက်ပိုကြီးတဲ့ပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းရမှာ။
ရွေးချယ်မှု
လူရှိရင် ပြဿနာရှိတယ်။ Game ကစားသလိုဘဲ။ Level မြင့်လေလေ ပြဿနာကြီးလာလေလေ။ ဒီတော့ ကိုယ် ကစားချင်တဲ့ Game ကိုရွေးချယ်ဖို့လိုတယ်။
လုပ်ဆောင်မှု
နောက်ပြီး လူတိုင်းဟာ ကိုယ်လုပ်တာကိုသိတာထက် ကိုယ်သိတာကိုလုပ်နေကြတာဖြစ်တယ်။ အလုပ်လုပ်ဖို့လိုသလို အသိတိုးဖို့လည်းလိုပါတယ်။ သစ်ကြီးဘဲထိုင်ခုတ်နေတာထက် ပုဆိန်သွေးဖို့လိုပါတယ်။
Phyo Paing @ Derek