ကိုယ်ဆယ့်ငါးမိနစ်လောက်နဲ့
ပြီးတဲ့ ကိစ္စတစ်ခုကို
တစ်ရက်လောက်အချိန်ယူပြီး
ထွက်လာတဲ့ အရည်အသွေးစံနှုန်းက
ကိုယ့်ကိုမမီဘူး။
ဒါဆို သည်းခံ၊ သည်းခံ။
ကိုယ့်လုပ်သလို ရလဒ်မျိုး
ရစေချင်ပြီး မရသေးဘူး။
သည်းခံ၊ သည်းခံ။
ပြောပြီးသားကိစ္စကို
ထပ်ခါ ထပ်ခါ ထပ်ပြောနေရတယ်။
ဒါဆိုရင် သည်းခံ၊ သည်းခံ။
လုပ်ငန်းရှင်တစ်ယောက်အတွက်
ခန္ဒီပါရမီအရေးကြီးတယ်။
ကိုယ်နှစ်ပေါင်းများစွာ
လုပ်ခဲ့တဲ့ ကျွမ်းကျင်မှုကို
တစ်ခဏအတွင်းအကုန်လွဲဖို့
နည်းနည်းခက်တတ်တယ်။
ကိုယ့်လို စံနှုန်းအတိုင်းရဖို့
ချက်ချင်းမျှော်လင့်ဖို့ခက်တတ်တယ်။
တချို့ကိစ္စတွေက ဝေးဝေးပြေးချင်ရင်
ခန္ဒီပါရမီလိုတယ်။
ဒါကြောင့် စိတ်မရှည်ဘူး၊
အလိုမကျဘူး ဖြစ်တော့မယ်ဆို
ကိုယ့်ကိုကိုယ် ပြန်ပြောကြည့်ပါ။
သည်းခံ၊ သည်းခံ။
Phyo Paing @ Derek