သတိနဲ့နေတတ်မယ်ဆို
အတွေ့အကြုံများလာလေ
အမြင်တွေပြောင်းလာတတ်လေ။
လူတွေနဲ့ ပတ်သက်တဲ့အမြင်၊
ငွေကြေးနဲ့ ပတ်သက်တဲ့အမြင်၊
စီးပွါးနဲ့ ပတ်သက်တဲ့အမြင်။
အခြေအနေပေါ်မူတည်ပြီး
အမြင်တွေပြောင်းတတ်လာတာဟာ
ကောင်းတဲ့အချက်တစ်ချက်ဖြစ်တယ်။
အခြေအနေပေါ်မူတည်ပြီး
ကိုယ့်အရင် အမြင်အတိုင်းဆွဲကိုင်ထားတာက
လူတွေကို ဒုက္ခအကြီးအကျယ်ပေးတတ်တယ်။
ဥပမာ လီကွမ်းယူဆို
သူအသက်ရှင်နေသမျှ စလုံးမှာ
ကာဆီနိုဖွင့်လို့မရစေရဘူးလို့ကြွေးကြော်တယ်။
နောက်ပိုင်း သူ့ဝန်ကြီးတွေရဲ့
အကြံဥာဏ်နဲ့နှစ်ပေါင်းများစွာသုံးသပ်ချက်ပေါ်မူတည်ပြီး
ကာဆီနိုဖွင့်ခွင့်ပြုတယ်။
နိုင်ငံခြားသားတွေ ဝင်ခွင့်အတွက်
အခမဲ့။
သူ့နိုင်ငံသားတွေ မစွဲလန်းအောင်
ဝင်ခွင့်သတ်မှတ်တယ်။
အခြေအနေပေါ်မူတည်ပြီး
အမြင်ကိုပြောင်းသွားတယ်။
ဘဝဆိုတာ မွေးကတည်းက
အကုန်သိနေတာမှမဟုတ်တာ။
သတ်မှတ်အချိန်မှာ
ရှိနေတဲ့အသိဥာဏ်နဲ့
အကောင်းဆုံးထင်တာ
ဆုံးဖြတ်ချက်ချခဲ့တာပဲမဟုတ်လား။
တချို့သူတွေက လိုအပ်ရင်
ကိုယ့်အထင်အမြင်ကို ပြောင်းပြီး
ပိုကောင်းတဲ့ရလဒ်အတွက်တည်ဆောက်တယ်။
တချို့က အမြင်ကိုမပြောင်းနိုင်ဘူး။
လုပ်နေကျပုံစံဆက်လုပ်နေပြီး
မတူတဲ့ရလဒ်ကို မျှော်လင့်နေတာ
ရူးသွပ်မှုပဲလို့ အိုင်စတိုင်ကဆိုခဲ့တယ်။
လိုအပ်ရင် အမြင်တွေပြောင်းနိုင်ဖို့လိုတယ်။
အခြေအနေပေါ်မူတည်ပြီး
အမြင်တွေကို update လုပ်နိုင်တာ
Baye’s Rule လို့လဲခေါ်တယ်။
Phyo Paing @ Derek