ပျော်ရွင်ချင်ရင်
သာယာမှုနောက်မလိုက်နဲ့။
ဥာဏ်ပညာနောက်လိုက်။
သာယာမှုကလာတဲ့
ပျော်ရွင်မှုက ရည်ရှည်မခံဘူး။
ဥာဏ်ပညာက လာတဲ့
ပျော်ရွင်မှုက ရေရှည်ခံတယ်။
သာယာမှုကြောင့်ဖြစ်တဲ့
ပျော်ရွင်မှုက ဖြစ်ပြီးပျက်တယ်။
ဥာဏ်ပညာက နားလည်သဘောပေါက်ပြီးရင်
လောကကို မြင်တဲ့အမြင်လုံးဝပြောင်းသွားတယ်။
ပျော်ရွင်မှုဖြစ်ဖို့
သာယာမှုတွေကလိုက်ရှာတတ်တယ်။
အသိအမှတ်ပြုခံရမှုတွေက လိုက်ရှာတတ်တယ်။
ပျော်ရွင်မှုကို
ဥာဏ်ပညာကဖြစ်ဖို့
သတိနဲ့ သမာဓိလိုတယ်။
သမာဓိဆိုတာ
ကောင်းစွာ-ငြိမ်သက်-တည်ကြည်-သော စေတသိက်။
အင်္ဂလိပ်ဆို အနီးစပ်ဆုံးဆို
Single-mindedness ဖြစ်တာ၊
ဒီလိုလုပ်ဖို့ စူးစိုက်စိတ် centration လိုတယ်။
သမာဓိမရှိပဲ စာဖတ်လို့မရဘူး။
တရားကြာကြာထိုင်လို့မရဘူး။
လေ့ကျင့်ခန်းကြာကြာ အာရုံစိုက်လုပ်လို့မလွယ်ဘူး။
စိတ်တွေ လေလွင့် သတိမကပ်ရင်မရဘူး။
သမာဓိဖြစ်ဖို့ သတိလိုတယ်။
ဒါကြောင့် ပျော်ရွင်ချင်ရင်
သာယာမှုက ပေးတဲ့ပျော်ရွင်မှုထက်
သတိ၊ သမာဓိ၊ ပညာနောက်လိုက်။
ဒီနေ့ ရေးထားတဲ့ Journal ထဲက။
Phyo Paing @ Derek