သမာတမတ်ကျတယ်ဆိုတာ
အပြောနဲ့အလုပ်နဲ့ ညီတာ။
သမာဓိဆိုတာ အလုပ်တစ်ခုတည်းကို
အာရုံစိုက်နိုင်တာ။
အင်္ဂလိပ်လိုဆို Single-mindedness လို့ခေါ်တယ်။
သတိပဋ္ဌာန် ဆိုတာ
ကိုယ့်အတွေး၊ အမြင်၊ စိတ်ခံစားချက်၊
ပတ်ဝန်းကျင်တွေကို
ဆိုးတယ်၊ ကောင်းတယ်
ဝေဖန်မှုမလုပ်ပဲ သတိလေးနဲ့နေနေတာ။
ဒါကို Mindfulness လို့ခေါ်တယ်။
ကျွန်တော်တို့ နိုင်ငံမှာတော့
တရားတွေထိုင်ပြီး
ဝေဖန်မှုတွေပြုလုပ်တတ်တဲ့ သူတွေကို
မကြာမကြာတွေ့တဲ့အခါ၊
တရားအကြောင်းတွေ ပြိုင်ငြင်းဖို့
အငြင်းသန်ကြီးတွေကို တွေ့တဲ့အခါ
သူထိုင်တာ တရားရော ဟုတ်ရဲ့လားလို့
တခါတခါ စဥ်းစားမိကြတဲ့သူတွေ
ရှိကြမယ်လို့ထင်တယ်။
သမာဓိမရှိ၊ အာရုံစူးစိုက်မှုမရှိပဲ
စာတော်တဲ့ ကလေးဖြစ်ဖို့မလွယ်ဘူး။
လုပ်ငန်းအပေါ် သမာဓိမရှိ၊ အာရုံစူးစိုက်မှုမရှိပဲ
အောင်မြင်တဲ့လုပ်ငန်းတည်ဆောက်ဖို့မလွယ်ဘူး။
သမာဓိမရှိ၊ အာရုံစူးစိုက်မှုမရှိပဲ
ကြီးကျယ်တဲ့ ဖန်တီးမှုတွေ၊
တွေ့ရှိမှုတွေ ရဖို့ မလွယ်ကူနိုင်ဘူး။
ဒီသမာဓိရှိဖို့ သီလလိုတယ်။
သီလဆိုတာ ethical conduct ဖြစ်တယ်။
အခြေခံသီလကတော့
ကိုယ့်ကိုလုပ်ရင် မကြိုက်တာ
သူများကိုလဲ မလုပ်နဲ့။
Phyo Paing @ Derek