2005 – 2025 ကာလက
အမေရိကန်ရဲ့ အကြပ်အတည်းကာလလို့
ခန့်မှန်းကြတယ်။
2008 မှာ စီးပွားရေးကျဆင်းမှုအကြီးအကျယ်ဖြစ်တယ်။
တရုတ်ကုမ္ပဏီတွေအားကောင်းလာပြီး
စက်တင်ဘာ ၂၀၁၄ မှာ
အလီဘာဘာက ယူအက်စတော့မှာ တင်တဲ့အခါ
ယူအက်သမိုင်းမှာ အကြီးဆုံးဖြစ်ခဲ့တယ်။
ဒေါ်နယ်ထရမ့်တက်ပြီး မျိုးစုံ ကြိုးခုံကြတယ်။
အခု ၂၀၂၄ အချိန်ကို ကြည့်တဲ့အခါ
Nvidia ရဲ့ စတော့တစ်ခုနဲ့တင်
ဟောင်ကောင်းမှာတင်ထားတဲ့
တရုတ်စတော့ စျေးကွက်တစ်ခုလုံးနဲ့ညီနေတယ်။
အေအိုင်အပိုင်း၊ Metaverse အပိုင်း၊
Robotive အပိုင်းအကုန်လုံးမှာ
အဖက်ဖက်မှာ ယူအက်က အရှိန်ပြန်ရနေပြီး
တရုတ်က ကျနေပြီ။
ဒါကို ၁၉၉၆ မှာထုတ်တဲ့ The Fourth Turning ဆိုတဲ့
စာအုပ်မှာ သမိုင်းပရော်ဖက်ဆာနှစ်ယောက်ဖြစ်တဲ့
Neil Howe and William Strauss က
သမိုင်းကိုကြည့်ပြီး အမေရိကန်ရဲ့အနာဂတ်ကို
ဟောကိန်းထုတ် prophecy လုပ်တယ်။
အမေရိကန်ရဲ့ အနာဂတ်ကိုခန့်မှန်းဖို့
စက်ဝိုင်းတစ်ခုကို နှစ်ပေါင်း ၈၀
ပတ်ခြာလည်ကြာတတ်တယ်။
အဲ့ဒီစက်ဝိုင်းတစ်ခုမှာ ရာသီ လေးခုရှိတယ်။
ပထမရာသီက စံစားတဲ့ရာသီ၊
ဒုတိယ ရာသီက နှိုးထမျက်စိပွင့်တဲ့ရာသီ။
ဒီနှစ်ခုက ကောင်းတုန်းကပဲ။
တတိယ ရာသီက ပြဿနာတွေစတဲ့ရာသီ။
နောက်ဆုံးအမေရိကန် စက်ဝန်းမှာဆို
9/11 ဖြစ်တာ၊ အီရစ်၊ အာဖကန်စစ်ပွဲတွေ
အိုစမာဘင်လာဒင်ဖြစ်တဲ့ကာလ။
စတုတ္တရာသီက အကြပ်အတည်းကာလ။
၂၀၀၅ ကနေ ၂၀၂၅ ပြီးရင် ပြန်လည်နှိုးထမည့်ကာလတဲ့။
ဒီ conceptual framework ကိုအသုံးပြုပြီး
မြန်မာ့အရေးကိုကြည့်လို့ရမလားစဥ်းစားကြည့်တယ်။
လွတ်လပ်ရေးရပြီးကနေ အာဏာသိမ်းး (၁၉၄၈ – ၁၉၆၂)
စုစုပေါင်း ၁၄ နှစ်
အာဏာသိမ်းကနေ ၈၈ အရေးအခင်း (၁၉၆၂ – ၁၉၈၈)
စုစုပေါင်း ၂၆ နှစ်
၈၈ အရေးအခင်းကနေ ရွေးကောက်ပွဲ (၁၉၈၈ – ၁၉၉၀)
စုစုပေါင်း ၂ နှစ်
ရွေးကောက်ပွဲကနေ ရွှေဝါရောင်တော်လှန်ရေး (၁၉၉၀-၂၀၀၇)
စုစုပေါင်း ၁၇ နှစ်
ရွှေဝါရောင်တော်လှန်ရေးကနေ ဒီမိုကနေစီအကူးအပြောင်း (၂၀၀၇-၂၀၁၁)
စုစုပေါင်း ၄ နှစ်
စုစုပေါင်း ၂၃ နှစ်
ဒီမိုကရေစီအကူးအပြောင်းမှ NLD (၂၀၁၁ – ၂၀၁၅)
စုစုပေါင်း ၄ နှစ်
NLD အာဏာရအချိန်မှ ရိုဟင်ဂျာအကြပ်အတည်း (၂၀၁၅ – ၂၀၁၇)
စုစုပေါင်း ၂ နှစ်
ရိုဟင်ဂျာ အကြပ်အတည်းကနေ အာဏာသိမ်း (၂၀၁၇ – ၂၀၂၁)
စုစုပေါင်း ၄ နှစ်
စုစုပေါင်း ၁၀ နှစ်
ခန့်မှန်းလို့တော့ မရဘူး။