ဒီနိုင်ငံမှာ မွေးလာတဲ့အတွက်ကြောင့်
အမြတ်တွေထုတ်
မကောင်းတာ လုပ်ပြီးလဲ
ငွေမရှာဖူးဘူး။
ကိုယ်လုပ်တဲ့လုပ်ငန်းက
လူတွေကိုလဲနေ့စဥ် အကျိုးပြုနေတယ်။
ကိုယ့်လိပ်ပြာကိုယ်လုံပြီး
ရှင်သန်နေဖို့က ဘဝရဲ့အနှစ်သာရပဲ။
ဗုဒ္ဓအဆုံးအမအရဆို
သမ္မာ အာဇီဝ၊
မှန်ကန်သော အသက်မွေးခြင်းပဲ။
မကောင်းတာလုပ်ပြီးမှာ
အာပတ်ဖြေ ဘုရားမှာပြန်လှူတာထက်
ကိုယ့်ရဲ့ရှင်သန်မှုပုံစံက ပိုအရေးကြီးတာပဲ။
Phyo Paing @ Derek