တော်တဲ့သူတွေနားရောက်ဖို့
ထိပ်တန်းတက္ကသိုလ်တွေရောက်ရင်လဲ
တော်တဲ့သူတွေနဲ့ တွေ့ရတယ်။
ဒါကြောင့် တက္ကသိုလ်တက်တဲ့သူတိုင်းက
ဘဝပြောင်းလဲသွားတာမဟုတ်ဘူး။
ကမ္ဘာ့၊ နိုင်ငံ့ထိပ်တန်းတက္ကသိုလ်
တက်တဲ့သူတွေပဲ
အပြောင်းအလဲဖြစ်သွားတာများတယ်။
တချို့က တက္ကသိုလ်ကြောင့်မဟုတ်ဘဲ
ဆရာကြောင့် အပြောင်းအလဲဖြစ်သွားတာများတယ်။
ဥပမာ ဝါရင်ဘဖက်ဆိုရင်
သူ့ဆရာ ဘန်ဂျမင် ဂရေဟန်ဆီက
Value investing အတွေးအခေါ်တွေသင်ခဲ့တယ်။
ပညာရပ်တစ်ခုကို တကယ်ရူးသွပ်လို့၊
လေ့လာချင်လို့၊
ကိုယ့်လိုလူတွေနဲ့ထိတွေ့ဆွေးနွေးဖို့
အဲ့လိုလူတွေနည်းတယ်။
ဒါကြောင့် အပြောင်းအလဲလုပ်နိုင်တဲ့သူ
အများစုက ကမ္ဘာ့ထိပ်တန်း၊
နိုင်ငံထိပ်တန်းတက္ကသိုလ်ကလူတွေ
ပိုများကြတာကိုတွေ့လိမ့်မယ်။
အပြောင်းအလဲလုပ်ချင်ရင်
Commercial တက္ကသိုလ်တွေအစား
အချိန်ပေးနိုင်ရင် ထိပ်တန်းတက္ကသိုလ်တွေဝင်အောင်လုပ်၊
ဒါမှမဟုတ် ကိုယ်လေ့လာချင်တဲ့နယ်ပယ်က
ဆရာကျတဲ့သူတွေကို follow လုပ်၊
သူတို့ဆီကလေ့လာ။
Phyo Paing @ Derek