Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

သာမန်လူလို မဖြတ်သန်းနဲ့။

သာမန်လူလိုမဖြစ်ချင်ရင်
ကိုယ့်ရဲ့ တစ်ရက်တာကို
သာမန်လူလို မဖြတ်သန်းနဲ့။

သာမန်လူအများစုက
အဆင်ပြေရင်
အဆင်ပြေတဲ့အတိုင်းနေတယ်။
ရှိတာ အကုန်သုံးတယ်။
အနာဂတ်အတွက် ကြိုတင်
တမင်တကာ စီမံတာနည်းတယ်။
ကျန်းမာ ကြံ့ခိုင်ရေး ဂရုမစိုက်ဘူး။
အသိဥာဏ်ဖွံ့ဖြိုးတိုးတက်အောင်
မလေ့လာ နေဘူး။

သာမန်ထက် စွမ်းဆောင်ရည်မြင့်
တိုးတက်ချင်ရင်
တစ်ရက်တာကို သေချာတည်ဆောက်။
ကိုယ့်အချိန်တွေကို
အလဟသ မဖြုန်းနဲ့။
အသိဥာဏ်တိုးတက်အောင် တည်ဆောက်။
လူနဲ့ တိရစ္ဆာန်ကွာစေတာ အသိဥာဏ်ပဲ။
ကျန်းမာကြံ့ခိုင်ရေးကို ဂရုစိုက်။
မိတ္တဗလတည်ဆောက်။
အနာဂတ်အတွက် ကြိုပြင်။

Phyo Paing @ Derek

Share Your Idea!​