သာမာန် အမှတ်စာရင်း၊
သာမာန် လုပ်ငန်း၊
သာမာန် စွမ်းဆောင်ရည်၊
သာမာန် ဦးဆောင်သူ၊
သာမာန် နည်း၊
သာမာန် ရည်မှန်းချက်၊
သာမာန် သာမာန် ရလဒ်။
သာမာန်နဲ့ ကျေနပ်တာက
ဘာမှ မမှားဘူး။
ဒါပေမယ့် “တူတာကိုမကြိုက်တဲ့သူတွေအတွက်”
သာမာန်က ကျဆုံးရေးဖော်မြူလာဆို
မမှားဘူး။
လုပ်ငန်း ၁၀ ခုမှာ ၈ ခု မအောင်မြင်ရင်
သေချာတာ အောင်မြင်တဲ့ ၂ ခုက
သာမာန်ထက်တော့ နည်းနည်းပိုမယ်။
ကိုယ့်ဘေးနားက သာမာန်တွေရဲ့
ခန္ဓာကိုယ်က ကြံ့ခိုင်လားကြည့်၊
သာမာန်တွေရဲ့ စီးပွားရေးက
အဆင်ပြေလားကြည့်၊
သာမာန်တွေရဲ့ ငွေကြေးက
တောင့်တင်းလားကြည့်၊
သာမာန်တွေရဲ့ ပညာရေးက
ကောင်းမွန်လားကြည့်၊
သာမာန်တွေနဲ့ အတွေး၊ အကြံ၊ အလုပ်က
အလုပ်ဖြစ်ရဲ့လားကြည့်။
ကိုယ်မကြိုက်ရင် သာမာန်က
ကိုယ်သွားမည့်လမ်း ဟုတ်ချင်မှဟုတ်တယ်။
Phyo Paing @ Derek