Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

သာမာန်နဲ့ မတူချင်ရင်
သာမာန်လူတွေ မလုပ်တဲ့အရာတွေကို
လုပ်ဖို့ လိုတယ်။

သာမာန်လူတွေနဲ့ မတူဖို့
သာမာန်လူတွေ မလုပ်တဲ့
အလုပ်တွေ လုပ််ဖို့
လိုကောင်းလိုနိုင်တယ်။

သာမာန်လူအများစု fasting မလုပ်ဘူး။
Productivity အတွက်
fasting အရေးကြီးတယ်။
ကျွန်တော်တို့ culture မှာ
သာမာန်လူအများစု
ကဆီဓာတ်အစားများတယ်။
Productivity အတွက်
carb ကိုလျော့ဖို့လိုနိုင်တယ်။

သာမာန်လူအများစုမှာ
ဘဝနေထိုင်မှု စနစ်မရှိဘူး။
Productivity ကောင်းပြီး
Peak Performance ရဖို့ စနစ်လိုနိုင်တယ်။
သာမာန်လူအများစု ကိုယ့်ကျန်းမာရေးအတွက်
တစ်ရက်ကို တစ်နာရီလောက်
အချိန် မပေးဖြစ်ဘူး။
Productivity အတွက်
ကျန်းမာရေးအတွက် အချိန်ပေးဖို့လိုတယ်။

သာမာန်လူတွေ နေ့တိုင်းစာမဖတ်ဘူး။
ကိုယ့်ဘဝအတွက် နေ့တိုင်းစာဖတ်ဖို့လိုတယ်။
သာမာန်လူတွေ နေ့တိုင်းတရားမထိုင်ဘူး။
Productivity ကောင်းပြီး negativity ကိုရှင်းဖို့
နေ့စဥ် တရားထိုင်ဖို့ လိုကောင်းလိုနိုင်တယ်။

သာမာန်နဲ့ မတူချင်ရင်
သာမာန်လူတွေ မလုပ်တဲ့အရာတွေကို
လုပ်ဖို့ လိုတယ်။
ဘာကြောင့်လဲဆိုတော့ ကိုယ့်ရဲ့
အကောင်းဆုံး version တည်ဆောက်ဖို့က
ကိုယ့်ရဲ့ တာဝန်ပဲ မဟုတ်လား။
ကိုယ့်ကိုကိုယ်တောင် မကယ်နိုင်ပဲ
သူများကို ကယ်လို့မလွယ်လောက်ဘူး။

Phyo Paing @ Derek

Share Your Idea!​