ဘယ်နိုင်ငံသားဖြစ်ဖြစ်
လူတစ်ယောက်ရဲ့ဘဝအတွက်
ပညာရေးနဲ့ နည်းပညာက
ဘဝပြောင်းလဲရေးလက်နက်ပဲ။
ကျောင်းနဲ့ ပညာရေးကို
မရောမိဖို့လိုတယ်။
ကျောင်းက စာသင်တာ။
အလုပ်ခွင်ဝင်ဖို့။
ပညာက နေရာအစုံကသင်လို့ရတယ်။
ပညာဆိုတာ သင်၊ မြင်၊ ပြင်။
အကြား၊ အမြင်၊ လက်တွေ့ကနေ
သင်ယူပြီး
အရင်မမြင်တာတွေမြင်လာမယ်။
ဒီတော့ဘဝမှာ လုပ်ရိုးလုပ်စဥ်ကနေ
ပြင်စရာရှိ ပြင်လာမယ်။
အတန်းရှေ့မှာ ပြောတာနားထောင်မှ
ပညာရတာမဟုတ်ဘူး။
မထင်မှတ်ထားတဲ့နေရာတွေကလဲ
ပညာရတယ်။
တခါတလေ စာတွေ့ပဲရှိပြီး
ငါတွေ့မရှိရင်
ဘဝမှာ အလုပ်မဖြစ်ဘူး။
ဥပမာ အင်္ဂလိပ်စာကို ငယ်ကတည်းက
စာတွေ့ရှိတယ်။
လက်တွေ့ပြောဆို၊ ရေးသားတဲ့
ငါတွေ့မရှိတဲ့အခါ အခက်ဖြစ်နိုင်တယ်။
ကျွန်တော်ကတော့
လူတစ်ယောက်က ဘယ်လိုအခြေအနေဖြစ်ဖြစ်
သူ့ပြဿနာသူဖြေရှင်းဖို့
ပညာလိုတယ်လို့မြင်တယ်။
ပညာ knowledge က
know သိခြင်း ledge အခြေအနေကို ခေါ်တာ။
ကိုယ့်ရဲ့အတွေ့အကြုံ ဥာဏ်နဲ့
ပညာနဲ့ပေါင်းရင် ဥာဏ်ပညာ wisdom ဖြစ်တယ်။
တစ်နေရာကနေ တစ်နေရာရောက်ဖို့
ကားမောင်းချင်ရင်
ကားမောင်းတတ်တဲ့ တတ်သိပညာလိုတယ်။
ကားပျက်ရင်ပြင်ဖို့ကျတော့
ကားအကြောင်းတတ်သိပညာလိုပြန်တယ်။
ပညာကို ကျောင်းမှာပဲရှာတာဟာ
ဘဝရဲ့ အကြီးမားဆုံးအမှား
အချက်တစ်ချက်ဖြစ်နိုင်တယ်။
ကမ္ဘာ့နဲ့နိုင်ငံ ထိပ်တန်းကျောင်းမဟုတ်တဲ့
သာမာန်ကျောင်းအများစုက
လူ့ဘဝထဲ လူ့ဘောင်ဝင်အောင်
အလုပ်ခွင်ဝင်နိုင်တဲ့
အဆင့်မြင့်သိုးကလေးတွေ မွေးထုတ်ပေးတဲ့နေရာ။
ဘောင်ဝင်ပြီး ဘောင်ပြင်ပြန်ထွက်ဖို့က
ဘဝမှာ ကိုယ်တိုင်စဥ်ဆက်မပြတ်သင်ယူနေဖို့လိုတယ်။
စဥ်ဆက်မပြတ်သင်ယူမှု မလုပ်နေတဲ့
ဆရာ၊ ကျောင်းသား၊ အလုပ်သမား၊
လုပ်ငန်းရှင် အကုန်လုံးက
ခေတ်ရဲ့ လှိုင်းလုံးအောက်မြုပ်သွားမှာပဲ။
ပညာကို ကျောင်းမှာပဲမရှာနဲ့။
စာတွေ့နဲ့ မရ၊
ငါတွေ့နဲ့ပေါင်းဖို့လိုတတ်တယ်။
သာမာန်မဖြစ်ချင်ရင်
ဘောင်ထဲဝင်ပြီး
ဘောင်ပြင်ပြန်ထွက်တတ်ဖို့လိုတတ်တယ်။
Phyo Paing @ Derek