ဘဝရဲ့ အဓိပ္ပာယ်ဖွင့်ဆိုမှုတစ်ခုက
သိက္ခာရှိတဲ့သူဖြစ်ဖို့ပါပဲ။
သိက္ခာရှိဖို့ တာဝန်ယူရမယ်။
ကိုယ့်မိဘကို၊
ကိုယ့်သားသမီးကို၊
ကိုယ့်ချစ်သူရည်းစားလင်မယားကို။
ကိုယ့်ဝန်ထမ်း၊
ကိုယ့်အမျိုးအတွက်၊
ကိုယ့်ရပ်ရွာအတွက်၊
ကိုယ့်လူမျိိုးအတွက်၊
ကိုယ့်နိုင်ငံအတွက်။
လူမျိုးနဲ့ နိုင်ငံအဆင့်မရောက်သေးပေမယ့်
တတ်နိုင်သလောက်တော့
တာဝန်ယူနိုင်အောင်ကြိုးစားနေပါတယ်။
လောကီရေးရာအတွက်
ဗုဒ္ဓရဲ့အဆုံးအမဖြစ်တဲ့
ဘဝဆိုတာ ဒုက်ခဆိုတဲ့
အဓိပ္ပာယ်ဖွင့်မှုအပြင်
ကွန်ဖြူးရှပ်ရဲ့ ဘဝဆိုတာ
သိက္ခာရှိဖို့ဆိုတဲ့ တန်ဖိုးထားမှုနဲ့
မိဘ၊ သားသမီး၊ ဝန်ထမ်း၊ အမျိုးကစလို့
ပိုပိုပြီး တာဝန်ယူနိုင်ဖို့
ဘဝကိုနေထိုင်ကြည့်ဖို့ ကြိုးစားနေပါတယ်။
Phyo Paing @ Derek