ဘယ်လုပ်ငန်းတွေကို မဆို
=======================
1. Product or Service
2. Marketing နှစ်ခုလိုတယ်။
Product နဲ. Service ကို ဝယ်ရောင်းပြန်လုပ်မှာလား? ဒါမှ မဟုတ် ဘာ Value-added ပြန်လုပ်မှာလည်း ဆိုတာ ပြန်စဉ်းစားရတယ်။
ဒါမှ မဟုတ် Service အနေနဲ. Skill ကို ပြန်ရောင်းမှာလား? သိန်းတစ်ရာအောက်လုပ်ငန်း အများစုဟာ Skill ပေါ်အခြေခံတဲ.အခါ ROI (Return on Investment) ပိုများတာကို တွေ.ရပါတယ်။ ပုံမှန် လုပ်ငန်းခွင်မှာ သုံးလို.ရတဲ. Skill တစ်ခုရဖို. တကယ်လေ.လာမယ်ဆိုရင် တစ်နှစ်လောက်ဘဲ ကြာပါတယ်။ ဥပမာ ဖုန်းပြင်လုပ်ငန်း၊ Photoshop နဲ့ Graphic Designer၊ ဘွဲ.ရပြီးစာအုပ်ဖတ်နေကျဆို Creative Writing ဒါမှ မဟုတ် Excel လား။ အများကြီးရှိပါတယ်။
ဒီတော့ ဒီ Skill တွေကို ဘယ် Platform ကနေ Market လုပ်ရမလည်းဆိုတာ မေးစရာရှိပါတယ်။ မြန်မာပြည်အတွက် http://www.chatesat.com/main/showSignupView ချိပ်ဆက်ဆိုတဲ. Platform လိုမျိုးတွေရှိနေပါပြီ။
ကျွန်တော်တစ်ယောက်တည်း စခဲ့ဖူးတဲ. သိန်း ၁၀၀ အောက်လုပ်ငန်းသုံးခုရှိပါတယ်။
Mebook (2011) http://getmebook.weebly.com/ (မတည်ငွေ သိန်း ၂၀)
New Sky (March 2014) www.facebook.com/newskymdy (မတည်ငွေ သိန်း 100)
Y.E.C Learning Center (June 2015) မတည်ငွေ ၃ သိန်း (www.facebook.com/yeclearningcenter)
တခြားတွဲဖက်စထားတဲ့လုပ်ငန်းသုံးခုနဲ့ ပြန်လည်ရောင်းချလိုက်တဲ့လုပ်ငန်းနှစ်ခုရှိပါတယ်။
နောက်ပြီး Startup တွေကို စိတ်ဝင်စားတာနဲ.အတူ သိန်းတစ်ရာအောက်လုပ်လို့ရတဲ့ လုပ်ငန်းတွေအများကြီးရှိတယ်ဆိုတာ သိစေချင်ပါတယ်။ ကျွန်တော် ဆရာမဟုတ်ပါ။ စမ်းသပ်မှုတွေကို လုပ်ဆောင်နေသူသာဖြစ်ပါသည်။ ဥပမာ Life Coach တစ်ယောက်ဖြစ်ဖို. သိန်းတစ်ရာရင်းနှီး မြုပ်နှံစရာမလိုပါဘူး။ SME Consultant ဖြစ်ဖို. ငွေအများကြီးမလိုပါဘူး။ မြန်မာပြည်မှာ Business Plan မရှိဘဲ Run နေတဲ. SME တွေ 90% ကျော်ရှိပါတယ်။ စိတ်ဓာတ်ကျနေတဲ.သူတွေအများကြီးရှိပါတယ်။ Learning နဲ. ပတ်သက်လို့ Accelerated Learning တွေ လုပ်လို့ရပါတယ်။ Career Coach လိုမျိုး ဆယ်တန်းပြီးကျောင်းသားတွေကို Personality Test လုပ်ပေးပြီး ဘယ်သင်တန်းတက်သင့်တယ်ဆိုတာမျိုးနဲ့ Business စလို.ရပါတယ်။
အရေးကြီးဆုံးကတော. Timing ပါ။ ကိုယ့်မှာရှိတဲ့ Skill ဒါမှ မဟုတ် Product or Service ဟာ ဖြစ်ပေါ်လာမည်. Market မှာ ဘယ်အချိန်အသုံးချလို.ရမလည်း စဥ်းစားပြီး ပြင်ဆင်သင့်ပါတယ်။ ပြောချင်တာက SME တွေကို ကူညီမည်. လှိုင်းလုံးကြီးတွေ လာတော.မယ်။ တကယ်လို့ Entrepreneurship ကိုစိတ်ဝင်စားရင် ဒါမှမဟုတ် SME တွေကို ကူညီပေးဖို့ စိတ်ဝင်စားရင် စတင်ပြင်ဆင်သင့်ပါပြီ။
Phyo Paing @ Derek