ဆေးမြီးတိုကို မယုံဘူး။
ရေရှည်ကိုပဲကြည့်တယ်။
ပထမငါးနှစ်၊ ဆယ်နှစ်လောက်
သည်းငြီးခံပြီး လုပ်မယ်။
အခြေခိုင်အောင် အခြေခံကိုလုပ်မယ်။
အနာဂတ်က ကြာလေပိုကောင်းရမယ်။
အဲ့လို ခံယူချက်နဲ့ပဲလုပ်တယ်။
လူအများစုက
အခုရေတွင်းတူး
အခုရေကြည်သောက်ချင်တယ်။
တခြားသူတွေဖြစ်နေတာကိုကြည့်ပြီး
သူတို့လိုဖြစ်ချင်တတ်ကြတယ်။
Strategic Patience
မဟာဗျူဟာကျကျ စိတ်ရှည်မှုက
တော်တော်လေး အရေးကြီးတယ်။
တရုတ်ရဲ့မဟာဗျူဟာတည်ဆောက်မှုကလဲ
စိတ်ရှည်ရှည်အကွက်ချပြီး
သည်းခံစောင့်ဆိုင်းနိုင်မှုအပေါ်အခြေခံတယ်။
ရပ်ရင်းစောင့်မဟုတ်ဘူး။
လုပ်ရင်းစောင့်။
သူများလုပ်တိုင်း လိုက်မလုပ်နဲ့။
လူများနဲ့နောက်လိုက်ရင် ဖုန်ပဲရှူရလိမ့်မယ်။
မပြိုင်ဘဲနိုင်လို့ရတဲ့လမ်းကိုရွေး။
Phyo Paing @ Derek