Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

သေချာရွေးပါ။ဝန်မလေးဘဲ ban ပါ။ရှေ့ဆက်ပါ။

ကိုယ် ဂုဏ်မယူနိုင်တဲ့သူနဲ့ မပေါင်းဘူး။

ဒါ လူမျိုး၊ ဘာသာ၊ တိုင်းရင်းသား၊
ဘာအလုပ်လုပ်တယ်ဆိုတာနဲ့ မဆိုင်ဘူး။
ဒါတွေကို ဂရုမစိုက်ဘူး။

Mindset ပြဿနာ။

လူတချို့က ကိုယ့်ရဲ့ သိမ်ငယ်စိတ်
inferiority ထဲမှာ
အရမ်းနစ်မြုပ်နေလို့
အသက်ရှူနိုင်ဖို့ တစ်ခုတည်းသိတာက
တစ်ပါးသူကို ဆွဲချတာပဲ။
အပြစ်တင်တာ။ လှောင်ပြောင်တာ။
သူများကို ညံ့အောင်လုပ်ပြီး
ကိုယ့်ကိုကိုယ် နည်းနည်းပိုကြီးသလိုခံစားတာ။
လက်တွေ့ဘဝမှာလည်း ဒီအတိုင်း။
Social media မှာလည်း ဒီအတိုင်း။
Stage ပဲကွာတယ်။ Energy အတူတူပဲ။

ကိုယ်တိုင် ခံဖူးတယ်။
သူများခံရတာလည်း မြင်ဖူးတယ်။
ပြီးတော့ ကိုယ် ရွေးချယ်လိုက်တယ်။
ဒီလိုလူတွေကို ကိုယ့်ဘဝထဲ မထားဘူးလို့။

မာနကြောင့် မဟုတ်ဘူး။
ကိုယ့်ကိုကိုယ် ကာကွယ်တာ။

ကိုယ့်ဘဝထဲ ဘယ်သူဝင်ခွင့်ရမလဲ
အရမ်း တိတိကျကျ ရွေးတယ်။
Inner circle။ Client တွေ။
Social media မှာ ပရိသတ်အပါ။

ကိုယ်ရေးတဲ့ content တိုင်းက filter တစ်ခု။
ကိုယ် မျက်နှာချင်းဆိုင် ထိုင်မရနိုင်မယ့်သူကို
ဆွဲဆောင်မယ့် content ကိုယ် မရေးဘူး။
ကိုယ့် content ကြောင့် လူတချို့ ထွက်သွားရင်
ကောင်းတယ်။ ဒါ အလုပ်ဖြစ်နေတာ။

ပြီးတော့ သူတို့ဘယ်သူဆိုတာ ပြလိုက်ရင်
အပြစ်တင်သမား၊ လှောင်ပြောင်သမား၊
သူများကို ဖြိုချပြီး ကိုယ့်ကိုကိုယ် တည်ဆောက်သမား
ဆိုရင် ban တယ်။ Block တယ်။ ဖယ်ရှားတယ်။
ကိုယ်တို့လမ်း ထပ်မဆုံရဘူး။

Seth Godin ပြောတယ်။
Choose your customers, choose your future လို့။

ကိုယ်က ဒီထက်နောက်တစ်ဆင့်သွားမယ်ဆို
ကိုယ့် ပတ်ဝန်းကျင်ကို ရွေးပါ။
ကိုယ် တွေ့မယ့်လူကို ရွေးပါ။
ကိုယ့်ခေါင်းထဲ ဝင်ခွင့်ပေးမယ့် အတွေးကို ရွေးပါ။
အားလုံးက ကိုယ်ဘယ်သူဖြစ်လာမလဲဆိုတာ ပုံဖော်တယ်။

လူအများစုက ဘာမှ filter မလုပ်ဘဲ
ကြုံတဲ့သူ၊ ကြုံတဲ့အမြင်၊ ကြုံတဲ့ noise
အကုန်ဝင်ခွင့်ပေးပြီး
ဘာလို့ ကိုယ့်ဘဝ ရှုပ်နေတာလဲလို့ မေးနေတယ်။

နောက်ပိုင်း
အရာရာကို curate လုပ်တယ်။
ဂရုစိုက်ရွေးချယ်တယ်။
Clarity ရှင်းလင်းမှုဆိုတာ
ဘယ်လောက် ကြွပ်ဆတ်တယ်ဆိုတာ ကိုယ်သိလို့။
Toxic လူတစ်ယောက်က
လပေါင်းများစွာ ကြိုးစားပြီး ရလာတဲ့ growth ကို
တစ်ခါတည်း ဖျက်နိုင်တယ်။

ကိုယ့်ပတ်ဝန်းကျင်က neutral မဟုတ်ဘူး။
ကိုယ့်ကို တည်ဆောက်နေတာ မဟုတ်ရင်
ဖြိုဖျက်နေတာ။

သေချာရွေးပါ။
ဝန်မလေးဘဲ ban ပါ။
ရှေ့ဆက်ပါ။

Phyo Paing @ Derek

Share Your Idea!​