Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

သံသရာဆိုတာ

သံသရာဆိုတာ အဆုံးမသတ်တဲ့
အပိုင်းဆက် ဇာတ်ကားရှည်ပါပဲ။

သံသရာကို ယုံရင်
ဒီနေ့ပိုင်ဆိုင်ထားတဲ့အရာက
ရေပွတ်ပမာ ခဏတာပါပဲ။
မျက်စိတစ်မှိတ် လျပ်တဖျက်မှာ
အရာရာ ပြောင်းလဲသွားမှာပဲ။

လောကဓံရဲ့ စမ်းသပ်မှုတွေကြားက
သံသရာထဲက လွတ်ရာမြောက်ကြောင်းအတွက်
နေ့စဉ် စိတ်ထားတတ်အောင်
လေ့ကျင့်ယူနေကြတဲ့
ပုထုဇဉ် လူတွေကြီးပဲ။

ပုထုဇဉ်မို့ မပြီးပြည့်စုံသေးတာ
သဘာဝပါပဲ။

ဒီနေ့ ကိုယ့်ရန်သူကို မတရားသဖြင့်
အမှုန့်ခြေလိုက်ရလို့
ပျော်နေပေမယ့်
သံသရာတစ်ပတ် ပြန်လာတဲ့အခါ
ကိုယ့်ဖက်က အဆင်သင့်ဖြစ်ဖို့လိုတယ်။

ကံ ကံ၏အကျိုးဆိုတာ
လောက နိယာမတစ်ခုပဲ။

လောကနိယာမက ဘယ်သူ့ကိုမဆို
မျက်နှာ မလိုက်ဘူး။

ယတြာခြေတယ်ဆိုတာ
ကံဇာတာအဆိုးတွေကို
ဆိုင်းငံ့ဖို့ လုပ်ဆောင်တာနဲ့ တူနိုင်သလို
အနာဂတ်ကံကို အငှါးသုံးတာနဲ့ တူနိုင်တယ်။

လောကဓံရဲ့ စမ်းသပ်မှုတွေကြား
သံသရာလွတ်ကြောင်းအတွက်
နေ့စဉ် လေ့ကျင့်နေပါတယ်
မြတ်ဗုဒ္ဓလို့ပဲ တခါတခါ နှလုံးသွင်းမိတယ်။

Phyo Paing @ Derek

Share Your Idea!​