လူတစ်ယောက်ကိုချစ်တာမဟုတ်ဘူး။
လူတစ်ယောက်ပေးတဲ့
အတွေ့အကြုံကိုချစ်တာ။
ဗုဒ္ဓဘာသာ စိတ်ပညာ (Abhidhamma) နဲ့
ပဋိစ္စသမုပ္ပါဒ် သဘောတရားအရ
“သံသရာ လည်ပတ်ပုံ” ကတော့
၁။ Sense Contact (ဖဿ – ထိတွေ့မှု)
ဒါဟာ အစပျိုးခြင်း ဖြစ်ပါတယ်။
မျက်စိနဲ့ မြင်လိုက်တာ၊
နားနဲ့ အသံကြားလိုက်တာ၊
ဒါမှမဟုတ် စိတ်ထဲကနေ
သူ့အကြောင်းကို တွေးလိုက်တာဟာ
ထိတွေ့မှု (Contact) ပါပဲ။
ဒီအဆင့်မှာ ဘာမှ မဖြစ်သေးပါဘူး၊
အာရုံနဲ့ ဒွါရ ဆုံရုံသက်သက်ပဲ ရှိပါသေးတယ်။
၂။ Feeling (ဝေဒနာ – ခံစားချက်)
ထိတွေ့မှု ဖြစ်ပြီးတာနဲ့
ချက်ချင်းဆိုသလို ဝေဒနာ ပေါ်လာပါတယ်။
သူ့ကို မြင်ရလို့ စိတ်ချမ်းသာတာ (Pleasant feeling)။
သူ့ကြောင့် စိတ်ညစ်ရတာ (Unpleasant feeling)။
ဒီအဆင့်မှာ “ငါ” ဆိုတဲ့ အတ္တ မပါသေးဘဲ
ခန္ဓာကိုယ်နဲ့ စိတ်ထဲမှာ ဖြစ်ပေါ်လာတဲ့
ရုပ်နာမ် ဖြစ်စဉ်သက်သက်သာ ဖြစ်ပါတယ်။
၃။ Perception (သညာ – မှတ်သားမှု)
ဒီနေရာမှာ သညာ က ဝင်လာပါတယ်။
အခုခံစားနေရတဲ့ “ဝေဒနာ” ကို
အရင်က သိမ်းဆည်းထားတဲ့ Memory တွေ၊
Conditioning တွေနဲ့ တိုက်ဆိုင်ပြီး
အဓိပ္ပာယ် ဖွင့်လိုက်ပါတယ်။
“ဒီခံစားချက်က သူပေးတာ၊
ဒါက ငါ့အတွက် ကောင်းတယ်၊
ဒါက ငါကြိုက်တဲ့ ခံစားချက်” ဆိုပြီး
အမှတ်အသား ပြုလိုက်တာပါ။
ဒီအမှတ်အသားက Craving ဆီကို
တွန်းပို့လိုက်တဲ့ အဓိက အင်ဂျင်ပါပဲ။
၄။ Craving (တဏှာ – မွတ်သိပ်မှု)
သညာက “ကောင်းတယ်” လို့ မှတ်သားလိုက်တာနဲ့
စိတ်က အဲဒီ ဝေဒနာကို
နောက်ထပ် ရချင်လာပါတယ်။
ဒါဟာ တဏှာ ပါပဲ။
သာယာတဲ့ ခံစားမှုကို ထပ်ခါထပ်ခါ လိုချင်တာ (Greed)။
မသာယာတဲ့ ခံစားမှုကို ဖယ်ရှားချင်တာ (Aversion)။
လူတစ်ယောက်ကို ချစ်တယ်ဆိုတာ
တကယ်တော့ အဲဒီလူပေးတဲ့
Feeling ကို ထပ်မံရရှိဖို့
မွတ်သိပ်နေခြင်း (Craving) သာ ဖြစ်ပါတယ်။
၅။ Attachment (ဥပါဒါန် – စွဲလမ်းမှု)
နောက်ဆုံးအဆင့်မှာတော့
ခဏတာ မွတ်သိပ်မှု (Craving) ကနေ
ပြင်းထန်တဲ့ စွဲလမ်းမှု (Attachment) ဖြစ်သွားပါတယ်။
“ဒါ ငါ့လူ၊ ဒါ ငါ့အချစ်၊ သူ မရှိရင်
ငါ မနေနိုင်ဘူး” ဆိုတဲ့
အစွဲအလမ်းတွေဟာ
ဒီအဆင့်မှာ ခိုင်မာသွားတာပါ။
ဒီအဆင့်ရောက်ရင်တော့ စိတ်ဟာ
အဲဒီလူ ဒါမှမဟုတ် အဲဒီအတွေ့အကြုံအပေါ်မှာ
လုံးဝ ကျွန်ပြုခံလိုက်ရပါပြီ။
Phyo Paing @ Derek