Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

အကန့်

တခြားသူ ဘူတာတွေ ကိုယ့်မကူးဖို့
ဘဝမှာ အကန့်လေးတွေလိုတယ်။
ဘော်ဒါ ကဏ္ဍမှာလဲ အကန့်လေးတွေရှိတယ်။
အသိ၊ မိတ်ဆွေ၊ သူငယ်ချင်း
မတူတဲ့ အကန့်လေးတွေရှိတယ်။

သာမာန်ဝန်ထမ်း၊ အရေးကြီးဝန်ထမ်း၊
လူယုံ အကန့်လေးတွေပြန်ရှိတယ်။

ဝယ်သူ၊ ဖောက်သည်၊ အရေးကြီးဖောက်သည်၊
ပထမဦးစားပေးဖောက်သည်
အကန့်တွေ မတူပြန်ဘူး။

သမီးရည်းစား၊ လင်မယား၊ မိသားစု
အကန့်တွေရှိတယ်။

ကိုယ်လဲ တောင်ပေါ်မြို့လေးမှာ
ကြီးလာတာပဲ။
လူတွေ ခေတ်မှီလာလေ
ပြောသင့်၊ မပြောသင့်တဲ့ အကန့်လေးတွေ
အထာလေးတွေ သိလာလေပဲ။

မြန်မာပေါကားကြည့်တာနဲ့
ကိုရီယားကြည့်တာ ကွာသလိုပဲ။
အံ့အားသင့်ရင် အာကြီးအာကျယ်နဲ့
ဟင် ဟုတ်လား၊ ဟား၊ အဲ
အတင်းပြောဝင်ပါတဲ့
မြန်မာပေါကားနဲ့
ကိုရီးယားလို အမူအရာလေးနဲ့ပြတာနဲ့
အထာလေးတွေ ကွာတယ်။

ဘဝမှာ အသက်ကြီးလာလေ
ပိုသိလာလေက ဘဝမှာ
အကြည်ဓာတ်အပြည့်နဲ့ ဖြတ်သန်းနိုင်ဖို့
အကန့်တွေ ခြားထားဖို့လိုတယ်။
ဒါမှ တစ်ခုခုဆို ဘဝတစ်ခုလုံး
လာကူးစက် တိုင်မပတ်မှာ။

အကန့်မတူရင်
ကိုယ်သိစေချင်တဲ့ သတင်း
အတိမ်အနက် မတူဘူး။

လူတိုင်းက ကိုယ့်အထာနဲ့ကိုယ်။
ကိုယ့်အကန့်နဲ့ ကိုယ်ပဲ။
တစ်ယောက်နဲ့ တစ်ယောက်
ဘယ်အကန့်လဲဆိုတာ သိဖို့လိုတယ်။

Phyo Paing @ Derek

Share Your Idea!​