အများစုက Journaling ဆိုတာ
စိတ်ထဲမှာ ရှိတာပဲရေးတယ်ထင်တာ။
အမှန်တော့ ရွှေရှာတာပဲ။
ကိုယ့်ရဲ့အတွေး၊ အကြံ၊ အလုပ်ကို
နှစ်ပေါင်းများစွာချရေးထားခြင်းက
ကိုယ့်ကိုကိုယ် နားလည်လာမယ်။
ဘယ်အချိန် ဒေါသထွက်ပြီး
ဘယ်အချိန် လောဘတက်မယ်။
ဘယ်အချိန် ပျော်ပြီး၊
ဘယ်အချိန် စိတ်ညစ်တတ်တယ်။
ဘယ်အချိန်တက်ကြွပြီး
ဘယ်အချိန် လမ်းပျောက်တယ်။
အကုန်လုံးကို သိလာတဲ့အခါ
ကိုယ့်ကိုကိုယ် စီမံလို့ရလာမယ်။
ဆိုရှယ်မီဒီယာမှာတွေ့တဲ့
ဗီဒီယို တိုလေးတွေက
လမ်းကြောင်းသေးသေးလေးပဲ
ပြပေးနိုင်တာ။
ကိုယ့်ဘဝ ကိုယ်တိုင်တည်ဆောက်ရမှာမို့
ကိုယ်တိုင်သိဖို့လိုတယ်။
လူတစ်ယောက်နဲ့ တစ်ယောက်မတူဘူး။
ဒါကို သိဖို့ journaling လုပ်။
Phyo Paing @ Derek