Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

အကုန်လုံးက အတွေးနဲ့ စတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ ကျော်ကတည်းက
ဗုဒ္ဓက လွတ်မြောက်ရာလမ်းကြောင်း
ပြသခဲ့တယ်။

ငွေကြေး လွတ်မြောက်မှုဖြစ်ဖြစ်၊
လူ့ဘောင်ရဲ့သတ်မှတ်မှုက လွတ်မြောက်မှုဖြစ်ဖြစ်၊
သံသရာထဲက လွတ်မြောက်မှုဖြစ်ဖြစ်
ဒီလမ်းစဥ် ၈ ပါးကို သုံးလို့ရတယ်။

ဒါကတော့ မဂ္ဂင်ရှစ်ပါးဖြစ်တဲ့ မှန်ကန်တဲ့
၁။ အယူဝါဒ
၂။ အတွေး၊ အကြံ
၃။ အပြော
၄။ အလုပ်
၅။ အသက်မွေးမှု
၆။ အားထုတ်မှု
၇။ သတိ
၈။ စိတ်ကို အာရုံတစ်ခုတည်းမှာ စူးစိုက်နိုင်တဲ့ သမာဓိ ရှိဖို့ပဲ။

အကုန်လုံးက အတွေးနဲ့ စတယ်။

ကြီးကျယ်တဲ့အရာတွေ ဖြစ်လာဖို့
စိတ်ထဲမှာ တစ်ခါစဥ်းစားရတယ်။
ကြံစဥ်ပြီး စီမံကိန်းချရတယ်။
ကိုယ့်ကိုယ်ကို ဒါမှမဟုတ်
ကိုယ့်အဖွဲ့ကို ပြောရတယ်။
တကယ်အားထုတ်ရတယ်။
ဒီအားထုတ်မှုက သမာအာဇီဝကျရမယ်။
ဇွဲလုံ့လ မလျော့ရဘူး။
စိိတ်နဲ့ ကိုယ်နဲ့ သတိနဲ့ကပ်ရမယ်။
အလုပ်ကို စူးစိုက်အာရုံထားနိုင်ရမယ်။

ကျွန်တော်နားလည်တဲ့ နေ့စဥ်ဘဝမှာ
ကျင့်သုံးလို့ရတဲ့
ဗုဒ္ဓရဲ့ အဆုံးအမဖြစ်တဲ့
မဂ္ဂင်ရှစ်ပါးပဲ။

လောကီတွေ၊ လောကုတ္တရာတွေ
စဥ်းစားမနေတော့ဘူး။
နေ့စဥ် ဘဝမှာ ပိုပိုပြီး
ကျင့်သုံးနိုင်အောင်ပဲ ကြိုးစားရမယ်။

အပေါ်ကတော့ oversimplified လုပ်ပြီး
စဉ်းစားကြည့်တာ။

၁။ သမ္မာဒိဋ္ဌိ (Sammā diṭṭhi) = မှန်သော အယူအမြင်၊ Right Understanding or Right View
၂။ သမ္မာသင်္ကပ္ပ (Sammā saṅkappa) = မှန်သော အကြံ၊ Right Thought or Right Intention
၃။ သမ္မာဝါစာ (Sammā vācā) = မှန်သော စကား၊ Right Speech
၄။ သမ္မာကမ္မန္တ (Sammā kammanta) = မှန်သော အမှုအလုပ်၊ Right Action
၅။ သမ္မာအာဇီဝ (Sammā ājīva) = မှန်သော အသက်မွေးဝမ်းကျောင်းမှု၊ Right Profession
၆။ သမ္မာဝါယာမ (Sammā vāyāma) = မှန်သော အားထုတ်မှု၊ Right Effort or Right Diligence
၇။ သမ္မာသတိ (Sammā sati) = မှန်သော အောက်မေ့ နှလုံးသွင်းမှု၊ Right Mindfulness
၈။ သမ္မာသမာဓိ (Sammā samādhi) = မှန်သော တည်ကြည် စူးစိုက်မှု၊ Right Concentration

Phyo Paing @ Derek

Share Your Idea!​