ကိုယ်ထိန်းချုပ်မရတဲ့ အရာတွေ
လောကမှာ ဘယ်လိုပဲဖြစ်နေမှာပဲ
အကြည်ဓာတ်အပြည့်နဲ့ ဖြတ်သန်းနိုင်ဖို့
အရေးအကြီးဆုံးပဲ။
အကြည်ဓာတ်ဆိုတာ ဗုဒ္ဓဟောကြားခဲ့တဲ့
ကောင်းမွန်တဲ့ စေတသိက်တွေ
စိတ်ကို ခြယ်လှယ်နေဖို့လိုတယ်။
ဒီလို ဖြစ်ဖို့ လောကရဲ့ “မာယာ” ကိုသိဖို့၊
လောဘ၊ ဒေါသ၊ မောဟကို
ကိုင်တွယ်တတ်ဖို့ လိုတယ်။
အသက်ကြီးလာလေ
ဒီ လောကရဲ့ မာယာကို နားလည်စပြုလာလေ၊
လောဘ၊ ဒေါသ၊ မောဟက
လူဆိုတော့ မရှိပဲမနေဘူး။
ကိုင်တွယ်တတ်ဖို့ပဲလိုတယ်။
ဒါကို နေ့စဥ် ကျင့်ယူနေဖို့က ကိုယ့်တာဝန်ပဲ။
Phyo Paing @ Derek