Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

အကြံပြုတာနဲ့ အကြံပေးတာမတူဘူး။

အကြံပေးတယ်ဆိုတာ
တောင်းမှ ပေးရတယ်။
အကြံပြုတယ်ဆိုတာ
အခြေအနေတစ်ခုကို
ပိုကောင်းစေချင်တဲ့ စိတ်နဲ့
အကြံပြုတာ။
လုပ်တာ မလုပ်တာ သူ့တာဝန်။

မြန်မာနဲ့ တရုတ် လူကြီး အများစုနဲ့
တချို့ ပညာတတ်တချို့တောင်
လုပ်တတ်တဲ့ အရာတစ်ခုက
ကိုယ်သေချာမသိတဲ့ အရာတစ်ခုကို
အခြေအနေကို သေချာမသိပဲ အကြံပြုတတ်တာ။

တခါတလေကလဲ
အကြံပြုတာကို ဝေဖန်တဲ့ ပုံစံဖြစ်သွားတတ်ကြတယ်။

ဒီတော့ ပါဆန်နယ်ပိုင်း
အကြံပြုတဲ့အခါ
ဒီမေးခွန်းတွေနဲ့ ပြန်မေးပြီး
အကြံပြုချင်တဲ့သူကို အကောင်းဆုံးကူညီပေးလို့ရတယ်။

၁။ ဝေဖန် အကြံပြုချင်တဲ့ အရာ။
What’s your suggestion?

၂။ အခုအကြံပြုမည့်သူရဲ့ အခြေအနေနဲ့ နောက်ခံသမိုင်းကို ကိုယ်ဘယ်လောက်သိထားသလဲ။
How well do you know the situation or background of the person or event you want to give a suggestion about?

၃။ ဘာတွေ ထပ်သိဖို့လိုနိုင်သေးသလဲ။
What additional information might you need to provide a useful suggestion?

၄။ ကိုယ်သာသူ့နေရာမှာဆို ဘာတွေ လုပ်မလဲ။
What would you do if you were in their position?

၅။ ကိုယ်အကြံပြုမည့်သူက ကမ္ဘာကြီးကိုဘယ်လိုမြင်သလဲ။ သူတန်ဖိုးထားတဲ့အရာတွေကဘာလဲ။
How does this person think? How do they see the world? What are their values?

၆။ သူ့ကို ဘာအကြံပြုချင်သလဲ။
What suggestion would you like to make?

ဒါလေးက တော်တော် အသုံးဝင်တယ်။
အကြံပြုမည့်သူတွေ ကိုယ်တိုင်
ခေါင်းပြန်ကုတ်ရတတ်ကြတယ်။

စီးပွားရေးအပိုင်းအတွက် suggestion box ကတော့
ကောင်းတဲ့အချက်ပဲ။

လူတစ်ယောက်ကို အကြံပြုဖို့က
အဲ့လူ အကြောင်းသေချာသိဖို့လိုတယ်မဟုတ်လား။

AI နဲ့ မှာ frame ထုတ်ထားပေးတာရှိတယ်။
အကြံပြုတဲ့ အရာရှိရင်
Akyanpay AI ရဲ့
Suggestion chatbot ထဲထည့်လိုက်ရင်
သူစဥ်းစားလို့ရမည့် ဥပမာပါ ကျလာပြီ။ 😀

Phyo Paing @ Derek

Share Your Idea!​