တခြားသူတွေတော့မသိဘူး။
ကျွန်တော့်ဘဝရဲ့အကောင်းဆုံးတွေက
မကောင်းဆုံးတွေကလာတယ်။
ဘွဲ့ရတော့ ကုမ္ပဏီပေါင်းစုံ
အလုပ်တွေလိုက်လျှောက်တယ်။
လိုချင်တဲ့အလုပ်မရသေးရင်
ယူကေဘွဲ့လွန်ဒီပလိုမာတက်မယ်လို့
စဥ်းစားတယ်။
အလုပ်တွေကအများကြီးလျှောက်တယ်။
မရခဲ့ဘူး။
ဒါနဲ့ စီးပွားရေးဘွဲ့လွန်ဒီပလိုမာတက်တယ်။
စာမေးပွဲဖြေပြီးတဲ့နေ့ပဲ
ထိပ်တန်းနိုင်ငံတကာကုမ္ပဏီတစ်ခုမှာ
အလုပ်ရတယ်။
ဘွဲ့လဲရ၊ အလုပ်လဲရ။
စိတ်ဒုက္ခပေးတဲ့ အနီးဆုံးလူတွေ
အများကြီးနဲ့ ဘဝက
တော်တော်ခက်ခဲခဲ့တယ်။
စိတ်ဆင်းရဲမှုတွေကို ဖြေဖျောက်ဖို့
နည်းလမ်းတွေရှာရင်း
မှတ်စုတွေရေးရင်း
လူပေါင်း ၁ သန်းလောက် follow လုပ်တဲ့
page တစ်ခုဖြစ်သွားတယ်။
အုပ်ရေ ၅၀၀၀၀ ကျော်ရောင်းပြီးတဲ့
စာအုပ်တစ်အုပ်ထွက်လာတယ်။
ကတိတစ်ခုနဲ့ ဘဝအခြေအနေတစ်ခုကြောင့်
ကိုယ်စိတ်ဝင်စားတဲ့အလုပ်ကို
ခြောက်နှစ်လောက်လုပ်ခဲ့ရတယ်။
ခန္ဓီပါရမီ တော်တော်ကျင့်ယူခဲ့ရတယ်။
ဒီအလုပ်လဲပြီးရော အချိန်တန်ဖိုးကို
ကောင်းကောင်းနားလည်လာတယ်။
ကိုယ်ဖြစ်ချင်တာတွေကို အချိန်မစောင့်
မြန်နှုန်းမြင့်လုပ်ဆောင်ဖို့
ဘဝပေးသင်ခန်းစာကြီးတစ်ခုရခဲ့တယ်။
မြန်မြန်လုပ်၊ မြန်မြန်လေ့လာ၊ မြန်မြန်ကျရှုံး၊
မြန်မြန်ပြန်ထ၊ မြန်မြန်ဖြစ်အောင်လုပ်။
ဒီအတွေးအခေါ်က ဘဝမှာ
အများကြီးအထောက်အကူဖြစ်စေခဲ့တယ်။
အဲ့လိုဖြစ်ရပ်တွေ ဘဝမှာ
အများကြီးရှိတယ်။
ဒါကြောင့် ဘဝမှာ ပြဿနာတွေဖြစ်လာတိုင်း
ပျော်နေတတ်ပြီ။
ဘာကြောင့်လဲဆိုတော့
“အခက်အခဲရဲ့တစ်ဖက်ခြမ်းမှာ
အခွင့်အလမ်းတွေ စောင့်နေတယ်။”
ဒါကို အမြဲယုံကြည်တယ်။
အခက်အခဲဖက်ခြမ်းမှာပဲမနေဘဲ
အခွင့်အလမ်းဖက်အခြမ်းသွားဖို့
မှန်ကန်တဲ့
အတွေးအခေါ်
အကြံအစည်
အလုပ်အကိုင်လိုတယ်။
အခက်အခဲတိုင်းရဲ့နောက်တစ်ဖက်ခြမ်းမှာ
အခွင့်အလမ်းတွေရဲ့ခေါ်သံ
နားထောင်နိုင်ဖို့ အရေးကြီးတယ်။
Phyo Paing @ Derek