အခုချိန်မှာ လူတွေစိတ်ဓာတ်ကျတာကို
ပိုဆိုးစေတဲ့အချက်သုံးချက်က
၁။ အလုပ် ၂။ ဝင်ငွေ ၃။ တိုးတက်မှု
အလုပ်နဲ့လက်နဲ့ မပျက်ရင်
စိတ်ညစ်တာတွေ စဥ်းစားဖို့
သိပ်အချိန်မရဘူး။
အဓိပ္ပာယ်ရှိတဲ့ အလုပ်လုပ်နေရရင်
စိတ်ညစ်စရာသိပ်စဥ်းစားမိမှာမဟုတ်ဘူး။
ဝင်ငွေမရှိရင် အော်တိုမစ်တစ်
စိတ်ညစ်လိမ့်မယ်။
ဝင်ငွေပိုတိုးအောင်လုပ်မလား၊
သေချာစီစစ်ပြီး သုံးစွဲမလား၊
နှစ်ခု စလုံးလုပ်မှာလား စဥ်းစားရမယ်။
တတိယတစ်ချက်မှ တိုးတက်မှုလာတယ်။
ပထမနှစ်ခုမရှိရင် တတိယလဲမရှိဘူး။
တတိယမရှိရင် မပျော်ဘူး။
အနာဂတ်က စိတ်ဓာတ်ကျစရာပိုကောင်းလာမယ်။
တိုးတက်နေဖို့ သင်တန်းပဲတက်နေလို့မရဘူး။
အလုပ်နဲ့ ဝင်ငွေရှိနေဖို့လဲ လိုတယ်။
ကိုယ့်ကိုကိုယ် ကယ်တင်ပြီးမှ
တခြားသူတွေကို ကယ်တင်နိုင်မှာဖြစ်တဲ့အတွက်
အခုလိုချိန်မှာ ကိုယ့်ကိုကိုယ် ပိုပြီးဂရုစိုက်ပါ။
Phyo Paing @ Derek