ကိုယ့်ကိုကိုယ် ကံကောင်းတယ်လို့
ထင်တဲ့ သူနဲ့ ကံမကောင်းဘူးထင်တဲ့သူနဲ့မှာ
ကွာခြားချက် လေးချက်ရှိတယ်။
ဒါကို Richard Wiseman က သုတေသနလုပ်ထားပြီး
ဥပဒေသ လေးခု ထုတ်လိုက်တယ်။
တချို့လူတွေက ကိုယ့်ကိုကိုယ်
ကံကောင်းတယ်လို့ထင်တယ်။
ထင်သလိုလဲ ဖြစ်လာတယ်။
တချို့လူတွေက မဲနှိုက်မနေပါနဲ့
ပေါက်မှာလဲမဟုတ်ပါဘူးကွာလို့
ကိုယ့်ကိုကိုယ် ကံမကောင်းဘူးလို့
ထင်တဲ့သူတွေလဲရှိတယ်။
ကံကောင်းတဲ့သူ၊ သာမာန်နဲ့
ကံမကောင်းဘူးလို့ထင်တဲ့သူတွေကို
Big Five Personalities ဖြစ်တဲ့
OCEAN လို့ အတိုကောက်မှတ်လို့ရတယ်။
Openness to new experience
အတွေ့အကြုံအသစ်တွေကို စူးစမ်းတာ
Conscientiousness ကိုယ်ချမှတ်ထားတဲ့
စည်းကမ်းနဲ့ပန်းတိုင်ကိုဖြစ်အောင်လုပ်တ
Extroversion – အပြင်စွဲ လူသစ်တွေနဲ့
ဆက်သွယ်ပြောဆိုရတာ ကြိုက်တာ
Agreeableness လူတွေနဲ့
လိုက်လျောညီထွေနေတတ်တဲ့ကိုယ်ရည်ကိုယ်သွေး
Neuroticism ဒေါသထွက်လွယ်တာ၊
စိတ်ခံစားမှုပြင်းထန်တာ (သူနဲ့ပြောင်းပြန်ဆိုရင်
emotional stability လို့ခေါ်တဲ့ စိတ်ခံစားမှုကို
အတက်အကျနည်းတာပေါ့။)
ဒီငါးခုပေါ်မူတည်ပြီး သုတေသနတွေလုပ်ထားတယ်။
ကံကောင်းတဲ့သူတွေက ကိုယ့်ကိုကိုယ်
ကံကောင်းတယ်လို့ ယူဆကြတယ်။
သာကောအနေနဲ့ ကိုယ့်ကိုကိုယ်
ဘယ်တုန်းကမှ ကံကောင်းတယ်လို့
မယူဆခဲ့ဘူး။
ဒါပေမယ့် ဒီစာအုပ်ဖတ်ပြီး အတွေးကို
စပြောင်းဖို့ လုပ်ထားတယ်။
Principle 1:
ကံကောင်းတဲ့သူတွေက အခွင့်အလမ်းအသစ်တွေကို
များနိုင်သမျှများအောင် လုပ်ထားကြတယ်။
သူတို့က အခွင့်အလမ်းတွေကို အမြဲ
ဖန်တီးတာ၊ ရှာဖွေပြီး၊ အခွင့်အလမ်းအပေါ်
မူတည်ပြီး အကောင်အထည်ဖော်တာကိုလုပ်ကြတယ်။
ကံကောင်းတဲ့သူတွေဟာ network of luck
ဆိုတာရှိကြတယ်။
ဒါက မတူတဲ့လူသစ်တွေနဲ့ သိတာ၊
အပေါင်းအသင်းများတာ မျိုးဖြစ်ကြတယ်။
ကံကောင်းတဲ့သူတွေဟာ ဘဝကို
အထာကျကျဖြစ်သန်းတယ်။
တွေးပူပြီး စိတ်ညစ်နေတာမျိုးမရှိဘူး။
relaxed attitude towards life လို့ဆိုတယ်။
ကံကောင်းတဲ့သူတွေဟာ
အတွေ့အကြုံအသစ်တွေအတွက်
တံခါးဖွင့်ထားတယ်။
အလုပ်အသစ်၊ အပေါင်းအသင်းအသစ်၊
နေရာအသစ်တွေမှာ အခြေချရမှာမကြောက်ဘူး။
Principle 2:
ကိုယ့်ရဲ့ အလိုလိုသိစိတ်က အသုံးချကြတယ်။
Listen to Your Lucky Hunches
တခါတလေ ရေချိုးရင် idea ထပေါ်တာ၊
ခရီးသွားရင် idea ပေါ်တာကို
ကောက်ခါငင်ခါ လုပ်တတ်ကြတယ်။
နောက် ကိုယ့်ရဲ့ အလိုလိုသိစိတ် intuition ကို
ယုံကြည်အသုံးချကြတယ်။
ဒီ အလိုလိုသိစိတ်အစွမ်းတိုးတက်အောင်လဲ
တရားထိုင်တာ၊ တိတ်ဆိတ်တဲ့နေရာမှာ
ကိုယ့်ကိုကိုယ်အချိန်ပေးတာ၊
အာရုံထွေပြားဝေဝါးစေတာတွေကို ရှင်းလင်းတာ၊
ပြဿနာကို ခဏအာရုံလွဲပြီး ခဏကြာမှ
ပြန်ဖြေရှင်းမျိုးလုပ်ကြတယ်။
(ဦးနှောက်မှာ focused mode နဲ့
diffused mode ဆိုပြီးရှိတယ်။
တခါတလေ ပြဿနာကိုပဲ ထိုင်အဖြေရှာတာ
မပေါ်ပဲ ရေချိုးမှ အပေါ့အပါးသွားမှ
ပေါ်လာတာမျိုးဖြစ်တတ်ကြတယ်။
အာခိမိလိလို့ပေါ့။
ဒါက focused mode ကနေ diffused mode ကို
ပြောင်းလိုက်လို့ဖြစ်တယ်။)
Principle 3:
ကံကောင်းခြင်းတွေကို မျှော်လင့်ထားပါ။
ကံကောင်းတဲ့သူတွေဟာ အနာဂတ်မှာလဲ
သူတို့အမြဲကံကောင်းမယ်လို့ယူဆကြတယ်။
ကံကောင်းတဲ့သူတွေက နိုင်နိုင်ခြေအရမ်းနည်းတာ၊
မဖြစ်နိုင်တာတွေကြားမှာတောင်
လက်မလျော့ပဲ ကိုယ်လိုချင်တာကို
ဖြစ်မယ်၊ ရမယ်ဆိုပြီး အကောင်အထည်ဖော်တဲ့
အမူအကျင့်တွေရှိကြတယ်။
ကံကောင်းတဲ့သူတွေဟာ တခြားသူတွေနဲ့
ပေါင်းသင်းဆက်ဆံပြောဆိုတဲ့အခါ
ကံကောင်းပြီး အဆင်ပြေချောမွေ့မယ်လို့
အမြဲယူဆထားကြတယ်တဲ့။
Principle 4:
အဆိုးကို အကောင်းဖြစ်အောင်ပြောင်း
Turn Your Bad Luck Into Good
ကံကောင်းတဲ့သူတွေက အဆိုးထဲမှာ
အကောင်းကို ရှာတတ်ကြတယ်။
အခု ကံမကောင်းဘူးဆိုတာ
အနာဂတ်မှာ ကံပိုကောင်းဖို့ ဖြစ်လာတာ။
အရာရာပိုကောင်းဖို့ဖြစ်လာတာဆိုတဲ့
ယုံကြည်မှုရှိကြတယ်။
ကံမကောင်း တိုင်ပတ်တဲ့ထဲမှာပဲ
တဝဲလည်လည် မနေနေတတ်ကြဘူး။
မဖြစ်ခင်ကြိုတင်ကာကွယ်တဲ့
စိတ်ထားတွေလဲရှိတတ်ကြတယ်။
တကယ်လို့ကိုယ်က ကံကောင်းတဲ့သူ
ဖြစ်ချင်ရင်
၁။ Declaration လုပ်
ငါကံပိုကောင်းလာဖို့ ကိုယ့်ရဲ့
အပြုအမူနဲ့ အတွေးအခေါ်ကိုပြောင်းမယ်။
၂။ အထက် principle ဥပဒေသလေးခု
ပေါ်မူတည်ပြီး အမှတ်ကောင်းအောင်လုပ်
၃။ ကံကောင်းစေမည့် နည်းစနစ်တွေဖြစ်တဲ့
အလိုလိုသိစိတ် intuition ကိုအသုံးပြုတာ
လေ့ကျင့်မှုလုပ်တာမျိုးလုပ်
၄။ နေ့စဥ်ပြန်လည်သုံးသပ်ရေးတဲ့
Luck Diary ထားတဲ့
ကဲ အားတီ၊ အာမေတို့ရော
ကံကောင်းတဲ့သူတွေလား၊
ဘူပိတ်နေတဲ့ သူတွေလား။
ကံကောင်းဖို့ ကံကိုဖွင့်ဖို့
အတွေ့အကြုံအသစ်တွေကို ရှောင်မပြေးနဲ့၊
ပြောတတ်ဆိုတာ ပေါင်းသင်းတတ်တဲ့သူ
ဖြစ်အောင်လုပ်၊
အလိုလိုသိစိတ်စွမ်းပကားကို အသုံးချနိုင်ဖို့
နေ့စဥ် လေ့ကျင့်၊
အရာရာပိုကောင်းဖို့ ဖြစ်လာတာပါ
စိတ်ထားပြီး အခက်အခဲတိုင်း
ပြဿနာတိုင်းက အခွင့်အလမ်းတွေရှာ။
ဘဝက ကိုယ့်ကို သံပရာသီးပေးရင်
သံပရာရည်ဖျော်သောက်လိုက်၊
ဘဝက အုတ်နီခဲတွေနဲ့ ပေါက်ရင်
စုပြီး အိမ်ဆောက်လိုက်။
ဒါကတော့ Toe Tet Insider’s Note
အတွက် No. 452 အုပ်မြောက်စာအုပ်ဖြစ်တဲ့
Richard Wiseman ရေးတဲ့
The Luck Factor ဆိုတဲ့ စာအုပ်ရဲ့
အနှစ်ချုပ်ပဲ။
Phyo Paing @ Derek