အလုပ်လုပ်တဲ့ ယောကျာ်းတွေ
ကိုယ်တွယ်ဖို့က အရမ်းရိုးရှင်းတယ်။
အချက်ငါးချက်ပဲလိုတယ်လို့ထင်တယ်။
၁။ အပြစ်မတင်နဲ့။
အဲ့အစား အကျိုးသင့်အကြောင်းသင့်လေးပြောပြ။
သူ့ကိုယ်သူ အပြစ်တင်တဲ့စိတ်ဖြစ်ရင်တောင်
သူကသာမာန်ပဲဆိုပြီး စိတ်ဖြေပေး။
၂။ သူ့ရဲ့ဖြစ်တည်မှုကိုဂုဏ်ယူပေး။
သူများယောကျာ်းနဲ့ နှိုင်းယှဥ်ပြီး
နောက်ကျစေပြီဆိုပြီး အားမလိုအားမရဖြစ်တာ
သွားမပြနဲ့။
၃။ သူ့အလုပ်ကို စိတ်ဝင်စားမှုပြပေး။
၄။ သူ့ရဲ့ တုန့်ပြန်မှုပုံစံတွေကိုလေ့လာထား။
ဥပမာ စိတ်ဖိဆီးမှုများရင်
ဘယ်လိုတုန့်ပြန်လဲ။
၅။ သူ့ဖက်က ရပ်တည်ပေး။
သူများက သူ့မကောင်းကြောင်းပြောလာရင်
နင်လာစမ်း၊ ဒါက ဘယ်လိုဖြစ်တာလဲအစား
အရင် ကာကွယ်ပေး။
နောက်ဒီလိုမဖြစ်အောင်
ဘယ်လိုလုပ်ကြမလဲတိုင်ပင်။
မနေ့က သာကောတွေကို ဘယ်လိုစီမံမလဲ
ပြောရင်းနဲ့ စဥ်းစားမိတာလေး။
ယောကျာ်းဆိုတဲ့ သတ္တဝါအပေါ်
ထားတဲ့ အမြင်လေးတွေကို
သေချာပြန်ချိန်ကြည့်ဖို့လိုတယ်။
ဘဝဆိုတာ ကိုရီးယားကားမဟုတ်ဘူးလေ။
Phyo Paing @ Derek