အချစ်က တပ်မက်မှုပါတယ်။
ပြန်လည်ရယူလိုစိတ်ပါတယ်။
ပြင်းထန်တဲ့ စိတ်ခံစားမှုတွေပါတယ်။
မေတ္တာက တပ်မက်မှုမပါဘူး။
ကြင်နာမေတ္တာထားတယ်။
ကိုယ်ချင်းစာတရားအခြေခံတယ်။
ဗုဒ္ဓက သတ္တဝါတွေကို
ကယ်တင်ချင်တဲ့ မေတ္တာနဲ့
ပါရမီဖြည့်ပြီး ဓမ္မကိုဟောကြားခဲ့တယ်။
လူ့အဖွဲ့အစည်းမှာ
ဖြစ်တဲ့ ပြဿနာအများစုက
အချစ်ကို အဓိကထားပြီး
ကိုယ်ချင်းစာစိတ် မေတ္တာထားမှုနည်းနဲ့အခါ
အကြဥ်းတန်မှုတွေဖြစ်လာတယ်။
အသက်ကြီးမှ တဖြည်းဖြည်းသိလာတယ်
ဆိုတာမျိုး။
မေတ္တာထားရင် ခွင့်လွတ်တတ်တယ်။
နားလည်တတ်တယ်။
စာနာတတ်လာတယ်။
အချစ်ကို love လို့ခေါ်ပြီး
မေတ္တာကို compassion လို့ခေါ်တယ်။
Phyo Paing @ Derek