အချိန်ကိုပဲ မစီမံနဲ့။
စိတ်ကို စီမံ။
စိတ်ညစ်နေရင်
အလုပ်ကောင်းကောင်းလုပ်ဖို့
အလွယ်ဘူး။
စိတ်ရှုပ်နေရင်
ရှင်းရှင်းလင်းလင်းတွေးတောဖို့
မစွမ်းဆောင်နိုင်ဘူး။
စိတ်လေနေရင်
အလုပ်စတင်ဖို့ မလွယ်ဘူး။
စိတ်ထောင်းကိုယ်ကျေဆိုတဲ့အတိုင်း
စိတ်က အခရကျတယ်။
ဗုဒ္ဓက စိတ်ဆိုတာ
“အာရုံကိုသိ” ခြင်းလို့ဆိုတယ်။
စိတ်ဆိုတဲ့ အဖြူထည်လေးမှာ
စေတသိက်တွေလွမ်းမိုးခြယ်လည်တယ်။
ကောင်းမွန်တဲ့ စေတသိက်တွေလွမ်းမိုးဖို့
အာရုံကို ကောင်းတဲ့နေရာမှာ
စိတ်ထားနိုင်ဖို့လိုတယ်။
နေ့စဥ် ပျော်စရာ၊
ရင်ခုန်စရာ၊
ဂုဏ်ယူစရာ၊
မဖြစ်မနေလုပ်ဆောင်မည့်အရာ၊
ကိုယ်နှစ်သက်ပျော်ရွင်တဲ့အလုပ်၊
ကျေးဇူးတင်တဲ့အရာ၊
ကိုယ်မေတ္တာထားချစ်ရသူတွေ၊
ချစ်ရတဲ့အရာတွေပေါ်အာရုံထား
မေတ္တာပွားမျှဝေရင်
စိတ်က ကောင်းနေမှာ။
အချိန်ပဲ မစီမံပါနဲ့။
စိတ်ကိုလဲ စီမံပါ။
စိတ်ကို စီမံဖို့
အာရုံကို စီမံပါ။
နက်နဲတဲ့အလုပ်တွေလုပ်ဖို့
သမာဓိ အာရုံစူးစိုက်မှုလိုပါတယ်။
Phyo Paing @ Derek