Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

အချိန်ကို စီမံတာထက်
Energy ကို စီမံဖို့လိုတယ်။
Energy ဆိုတာ Emotion ကလာတယ်။
စိတ်ညစ်ရင် energy သိပ်မထွက်ဘူး။

စာအရှည်ကြီးရေးပြီး
Facebook technical errors ကြောင့်
အကုန်ပျက်သွားတယ်။

အဓိကအကြောင်းအရာကတော့
လူတွေမှာ ရှိတဲ့အဓိက
အရင်းအမြစ်က
ကျန်းမာရေးနဲ့ အချိန်။
ဒီနှစ်ခုကြောင့် Energy ဖြစ်လာတယ်။
ဒီ Energy က လိုချင်တဲ့
အရာတွေကို ဖော်ဆောင်ပေးတယ်။

အချိန်ကို စီမံတာထက်
Energy ကို စီမံဖို့လိုတယ်။
Energy ဆိုတာ Emotion ကလာတယ်။
စိတ်ညစ်ရင် energy သိပ်မထွက်ဘူး။

Emotion ဆိုတာ အလိုအလျောက်တုန့်ပြန်တာ။
သုံးသပ်မှုထည့်လိုက်ရင်
Feeling ဖြစ်သွားတယ်။

ကိုယ့် ခံစားမှုတွေကိုစီမံခန့်ခွဲဖို့
သုံးသပ်မှုဖြစ်စဥ်လိုတယ်။
ဒီ သုံးသပ်မှုဖြစ်စဥ်ကို
ရေးချပြီး နေ့စဥ်လေ့လာလို့ရတယ်။

ကိုယ်တိုင်လဲလုပ်ခဲ့တာ နှစ်ပေါင်း
များစွာရှိပြီ။
ကိုယ့်အတွေး၊ ခံစားချက်၊ တုန့်ပြန်မှု၊
လုပ်ရပ် နဲ့ ထပ်နေတဲ့ pattern တွေ
သိရှိခြင်းဟာ ဘဝတည်ဆောက်ရေးမှာ
အခရာ ကျတယ်။

ပြန်လည်သုံးသပ်မှုဖြစ်စဥ်မှာ
ဒီမေးခွန်း လေးခုမေးလို့ရတယ်။

၁။ မနေ့က အကောင်းဆုံးဖြစ်ခဲ့တဲ့
အရာတွေက ဘာတွေလဲ။

၂။ မနေ့က ကိုယ့်ကိုကိုယ် ဂုဏ်ယူတဲ့
လုပ်ရပ် ဘာတွေလုပ်ခဲ့သလဲ။

၃။ မနေ့က ငါ့ကို ဘာသင်ခန်းစာ
ပေးသွားခဲ့သလဲ။
နောက် ဒီသင်ခန်းစာကနေ
လုပ်ရပ်တွေဘယ်လိုပြောင်းမလဲ။

၄။ ဒီနေ့ကိုယ်လုပ်ချင်တဲ့
ရင်ခုန်တဲ့ အရာတွေက ဘာတွေလဲ။

ကိုယ့်ရဲ့ နေ့စဥ်သုံးသပ်မှု
စနစ်မှာ ဒါတွေ ထည့်ထားလို့ရတယ်။

ကိုယ့်ကိုကိုယ် အရင်နားလည်ဖို့လိုတယ်။

Phyo Paing @ Derek

Share Your Idea!​