ဘယ်နိုင်ငံမှာနေနေ
ကိုယ်လုပ်နေချင်တဲ့အရာတွေကိုချရေးကြည့်တယ်။
ကိုယ့်အသက်မွေးဝမ်းကြောင်းအလုပ်
ဆက်လုပ်နေမယ်။
နေ့စဉ် လေ့လာနေမယ်။
ရေးနေမယ်။
ထုတ်ကုန်အသစ်တွေ ဖန်တီးနေမယ်။
နေ့စဉ် ရောင်းချနေမယ်။
မားကတ်တင်း၊ စွန့်ဦးတီထွင်မှု၊
နည်းပညာ၊ တိုးတက်ရေး
ဒါတွေ အမြဲ ဆက်လုပ်နေအုံးမယ်။
ဒီနေ့ ဘယ်မှာနေနေ
အချိန်ကို အလဟသ
မဖြုန်းမိအောင် သတိပြုမိတယ်။
ကိုယ့်ဘဝမှာ ကိုယ်တကယ်ပိုင်တာ
အချိန်ပဲရှိတာ။
တန်ဖိုးရှိတဲ့ လူတစ်ယောက်ဖြစ်ဖို့
အချိန်ကို တန်ဖိုးရှိအောင် သုံးရမယ်။
Phyo Paing @ Derek