Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

အချိန်က ကိုယ့်အတွက်
အကြီးဆုံး အရင်းအနှီးတစ်ခုပဲ။

ဒါကို ထုတ်သုံးဖို့ အတားအဆီးက
အကျိုးမရှိတဲ့ စိတ်ခံစားမှုတွေ။

စိတ်ခံစားမှု မကောင်းရင်
အတွေးမကောင်းဘူး။
အတွေးမကောင်းရင်လဲ
စိတ်ခံစားမှု မကောင်းဘူး။

ဒါကြောင့် Cognitive Behavior Therapy (CBT)
ကော်နက်တစ် ဘီဟေးဘီယာ ကုထုံးမှာ
အတွေး-ခံစားချက်-လုပ်ဆောင်ချက်
Thinking-Feeling-Doing
ဆက်စပ်ချက်ကိုပြောတယ်။

ဒါကြောင့် ကောင်းမွန်တဲ့အတွေး
တွေးနိုင်ဖို့လိုတယ်။

ကောင်းမွန်တဲ့အတွေးတွေးနိုင်ဖို့
ဗုဒ္ဓသင်ကြားပေးခဲ့တဲ့
သမ္မာဒိဋ္ဌိ လို့ခေါ်တဲ့
မှန်သော အယူအမြင် ရှိဖို့လိုတယ်။

မှန်ကန်သော အယူအမြင်ဆိုတာ
အကြောင်း အကျိုးဆက်စပ်မှုဖြစ်တယ်။

ကိုယ်အခုဖြစ်နေတဲ့ဘဝ အကျိုးဟာ
ကိုယ့်ရဲ့ အတိတ်ကလုပ်ရပ်
အကြောင်းကြောင့်ဖြစ်တယ်။

ပြီးသွားတာကို ပြင်လို့မရဘူး။
အနာဂတ်ဖြစ်လာမည့်အရာကို
ပြင်လို့ ရတယ်။

အနာဂတ်ကို “ဒီနေ့” က
စပြင်လို့ရတယ်။

ကိုယ့်အတွက် အကျိုးမရှိတာ
သူတပါးအတွက် အကျိုးမရှိတာ
တတ်နိုင်သလောက်
မတွေးနဲ့၊ မပြောနဲ့ မလုပ်နဲ့။

ကာယကံ၊ ဝဇီကံ၊ မနောကံ
ကံသုံးပါးကို ဂရုစိုက်ခြင်းနဲ့
စတင်လို့ရတယ်။

Phyo Paing @ Derek

Share Your Idea!​