2030 ရောက်တဲ့အချိန်
တချို့တွေ အသက်ရှင်ချင်မှ
ရှင်တော့မယ်။
အခု စင်ပေါ်ရောက်နေတဲ့
လုပ်ငန်းတွေလဲအဲ့အချိန်
စင်ပေါ်မှာရှိချင်မှရှိတော့မယ်။
ကိုယ့် competitor လို့သတ်မှတ်ထားတဲ့
သူတွေလဲ အဲ့အချိန်ရှိချင်မှရှိတော့မယ်။
2040 မှာလဲ ပြောင်းလဲသွားမှာပဲ။
အလားတူပဲ 2050.
ကိုယ်ကြည့်မရတဲ့သူတွေလဲ
အဲ့အချိန်ရှိချင်မှ ရှိတော့မယ်။
ကိုယ့်ကို ဖောင်းထုထားတဲ့ကောင်တွေလဲ
အဲ့အချိန် ကိုယ့်ပရိသတ်ဖြစ်ရင်ဖြစ်နေပြီ။
Accident နဲ့ တခြားအကြောင်းကြောင့်
မဟုတ်ရင် စိတ်နဲ့ ကိုယ်
ကျန်းမာရေးဂရုစိုက်ပြီး
နေ့တိုင်း Training ဆင်းနေဖို့လိုတာပဲ။
ဒီခရီးက ဘယ်သူ စိတ်ပိုမာသလဲ။
ဒူပဒေါပေခံသလဲ။
ဘယ်သူစိတ်မှတ်ပိုရှိသလဲ။
ဘယ်သူ ဥာဏ်ပိုရှိသလဲ။
ကစားပွဲတစ်ခုပဲ။
အချိန်က အဆုံးအဖြတ်ပေးမှာပဲ။
Phyo Paing @ Derek