ဘာလုပ်ရမယ်ဆိုတာသိတယ်။ ဒါပေမယ်. မလုပ်ဖြစ်ဘူးဖြစ်နေသလား?
To-do list တွေရှိတယ်။ အချိန်ရှိတယ်။ ဒါပေမယ့် အချိန်ဆွဲနေပြီး မလုပ်ဖြစ်ဘူးဖြစ်တတ်တယ်။ ဒါကို 3P နဲ့ဖြေရှင်းနိုင်ပါတယ်။
1. Picture – နောက်ဆုံးဖြစ်ချင်တဲ.ရလဒ်ကို ပုံဖော်ပါ။ VAK (Visual, Auditory, Kinesthetic) မြင်ကြားခံစားကြည့်ပါ။ ဥပမာ တစ်ရက်လုံးအားနေတယ်။ ဘာလုပ်ရမှန်းမသိဘူး။ လုပ်စရာတွေတော. ရှိတယ်။ မလုပ်ချင်ဘူး။ ဒီနေ.မှာ ကိုယ်ဖြစ်ချင်တဲ.အကောင်းဆုံးပုံရိပ်ကို ပုံဖော်ပါ။ ခံစားကြည်.ပါ။ တခါတလေ Copywriting လုပ်ဖို. စိတ်မပါတဲ.ရက်တွေ၊ Content မရေးချင်တဲ.နေ.တွေ၊ Marketing Calendar အတိုင်းမလုပ်ချင်တဲ.နေ.တွေရှိတယ်။ ကိုယ်ဖြစ်ချင်တဲ. နောက်ဆုံးပုံရိပ်ကို ပုံဖော်လိုက်တယ်။ Content ဆိုတဲ.စကားလုံးဟာ ကိုယ်.အတွက် ရင်ခုန်မှု မပေးနိုင်ရင် ငါဟာ ကြော်ငြာတင်၊ Content တင်ရေးတာမဟုတ်ဘူး၊ လူတွေမှာ စွမ်းဆောင်ရည်ဘယ်လောက်ရှိလည်းဆိုတာ စမ်းသပ်တာ။ Limitless ဆိုတဲ.စကားလုံးနဲ.အစားထိုးလိုက်တယ်။
2. Purpose – “ဘာ့ကြောင့်”ဆိုတာက “ဘယ်လို” ဆိုတာထက်အရေးကြီးပါတယ်။ အစားလျော.ပြီး၊ လေ.ကျင်.ခန်းလုပ်ရင် ပိန်မယ်ဆိုတာ လူတိုင်းသိပါတယ်။ ဒါပေမယ်. တချို.လူတွေမလုပ်ဖြစ်ဘူး။ ကျွန်တော်အပါအဝင် 😛 ဘာကြောင့်လည်းဆိုရင် လုံလောက်တဲ. “WHY”မရှိတာ ကြောင်.ဖြစ်ပါတယ်။ ဒါကြောင်. ကိုယ်လုပ်မည့် အလုပ်ဟာ ဘာ့ကြောင့်လုပ်ရတာလည်းဆိုတာကို စဉ်းစားဖို.လိုပါတယ်။ Content ဖန်တီးရတာဟာ လူတွေကို ပိုကောင်းတဲ့ idea တွေ share ပေးချင်တယ်။ ဒီလို share ပေးတဲ့အတွက် သူတို့လည်းအဆင်ပြေလာမယ်။ ဒီ Why ကို ကောင်းကောင်းသိအောင်လုပ်ရပါမယ်။
3. Plan – နောက်ဆုံးအဆင့်မှာ Plan ချပြီး လက်တွေ.စလုပ်ရပါမယ်။ ကျွန်တော်တို. To-do list တွေ အကောင်းအထည်မဖော်ဖြစ်တာ၊ အကောင်အထည်ဖော်လို. လုပ်ရှားမှုတွေလိုတာဟာ အပေါ်က P နှစ်ခုကြောင့်ပါ။
“Power of Habit” စာအုပ်ကိုရေးတဲ့ Charles Duhigg က ဆိုပါတယ်။ လူတွေဟာ မဖြစ်မနေလုပ်ရတယ်ဆိုတာထက် ရွေးချယ်မှုပေးရင် ပိုလုပ်မိကြတယ်။ ဒါကြောင်.လည်း ဒီနေ.ခေတ်မှာ Participative Leadership ပိုအားကောင်းလာတာဖြစ်ပါတယ်။
1. ကိုယ်လိုချင်တဲ့ ရလဒ်ကဘာလည်း?
2. ဘာကြောင်.ဒါကို လုပ်ဖို့ အရေးကြီးတာလည်း?
3. ဘာတွေစလုပ်မလည်း?
Phyo Paing @ Derek