အချိန်မဖြုန်းနဲ့။
ကိုယ့်ကိုကိုယ်အမြဲသတိပေးဖြစ်တဲ့စကား။
တစ်နေ့လူတွေ အကုန်သေမှာပဲ။
အသက် ၈၂ နှစ်လောက်နေရရင်ကို
ရက်ပေါင်း ၃၀၀၀၀ လာနေရတဲ့ဘဝမှာ
လူဖြစ်ရတဲ့ အနှစ်သာရ အကောင်းဆုံး
အတွေ့အကြုံရသွားဖို့လိုတယ်လို့ထင်တယ်။
ဘဝမှာ ကိုယ်လိုချင်တဲ့
အတွေ့အကြုံအရေးကြီးတယ်။
ကိုယ်သွားချင်တဲ့နေရာ၊
ကိုယ်ဖန်တီးချင်တဲ့အရာ၊
ကိုယ်တွေ့ချင်တဲ့သူ၊
ကိုယ်လုပ်ချင်တဲ့အရာ
ဒါတွေကို အကောင်အထည်ဖော်ဖို့
စိတ်ရှည်ဖို့လိုသလို၊
အချိိန်မဖြုန်ဖို့လိုတယ်။
အရာရာကို စိတ်ရှည်ဖို့
ထိုင်စောင့်တဲ့အစား၊
လုပ်ရင်းစောင့်ဖို့လိုတယ်။
အဆင်မပြေတာတွေကိုဖယ်၊
အဆင်ပြေအလုပ်ဖြစ်တာကိုသယ်။
အသက်ရှင်ပြီး အသက်ဝင်တဲ့ဘဝဖြစ်ဖို့
ဒီနေ့ပြဿနာတွေပဲဖြေရှင်းနေလို့မရဘူး။
လာမည့်အနာဂတ်ပြဿနာတွေကို
ကြိုတင်တွက်ချက်
အဖြေရှာထားဖို့လိုတယ်။
Phyo Paing @ Derek