လူတွေမမှတ်မိလောက်အောင်
တိုးတက်ပြောင်းလဲဖို့အတွက်
အကန့်အသတ်သုံးခုရှိတယ်။
၁။ ပတ်ဝန်းကျင်
၂။ ခန္ဓာကိုယ်
၃။ အချိန်
၁။ ပတ်ဝန်းကျင်
ကျွန်တော်၊ ကျွန်မက အင်္ဂလိပ်လို
ကောင်းကောင်းမသင်ခဲ့ရလို့
အားနည်းတယ်ရှင့်။
ဒီလိုနိုင်ငံမှာနေတာ ဘာများဖြစ်နိုင်မှာလဲ။
သားကြီး ဒီနိုင်ငံနေပြီး
ဘာများဖြစ်ဖို့ မျှော်လင့်နေမှာလဲ။
ဒီကောင်တွေ ဒီလိုတက်တာ
နိုင်ငံခြားမှာ ကျောင်းတက်ခဲ့လို့ဟ။
ဒါတွေက ကိုယ့်အတွေးအခေါ်က
ပတ်ဝန်းကျင်ထက်မကြီးသေးလို့။
1999 တုန်းက တိုက်ခန်းအစုတ်လေးမှာ
သူ့ဝန်ထမ်းဆယ်ယောက်ကျော်ကို
ကုတ်အင်္ကျီကြီးဝတ်ပြီး
ငါတို့ တရုတ်တွေရဲ့ ဦးနှောက်က
အမေရိကန်တွေထက်ပိုကောင်းတယ်။
Ebay ပြီးရင် Yahoo သူပြီးရင်
Google ဒါပြီးရင် Alibaba
မဖြစ်နိုင်ဘူးမပြောနိုင်ဘူးဆိုပြီး
ဝန်ထမ်းတွေကို လစာပေးတာတောင်
ငတ်တလှည်ပြတ်တလှည့်အချိန်မှာ
ဂျက်မာ တရုတ်လိုပြောထားတဲ့
ဗီဒီယိုကြည့်ရင် ဒီတရုတ်ဗေလုဝက
အဲ့အချိန် တရုတ်လိုအစုပ်အပြတ်နိုင်ငံလေးကနေ
သူ့ပတ်ဝန်းကျင်ထက်အများကြီး
ကြီးအောင်တွေးနိုင်တာကိုတွေ့လိမ့်မယ်။
သူများတော့မသိဘူး။
ကိုယ်တော့ အဲ့ဒါကြည့်ပြီး ကြက်သီးတောင်ထတယ်။
2014 IPO လုပ်တော့
ယူအက်သမိုင်းမှာ အကြီးဆုံး IPO ဖြစ်ခဲ့တယ်။
နောက်တစ်ယောက်က Bytedance
Tik Tok ကိုထောင်တဲ့ကုမ္ပဏီ။
တည်ထောင်တဲ့ ကျန်းယိမင်။
ဒီကောင့်ကို Wechat ရဲ့ ကုမ္ပဏီ
Tencent က သူ့ Wechat ထဲထည့်တယ်။
ပိုက်ဆံရင်းနှီးမြုပ်နှံတယ်။
သူမယူဘူး။
ဒါနဲ့ အပြတ်ဖြုတ်တယ်။
ဒါကို ပြန်တိုက်နိုင်ပြီး တရုတ်ပြည်တွင်းမှာတင်မဟုတ်ဘူး
နိုင်ငံတကာကို သွားတဲ့ ပထမဆုံး
လူပေါင်း သန်း ၁၀၀၀ ကျော်သုံးတဲ့
app ဖြစ်လာတယ်။
ကံကောင်းသွားတာတစ်ခုက
Donald Trump ကြောင့်
သူ့ ကုမ္ပဏီကို Microsoft ကို
လက်မလွဲခင် ဒေါ်နယ်ထွန့်ပြုတ်သွားတာပဲ။
ဒီနေ့ သုံးနေတဲ့ Capcut Video Editing ဆိုတာ
အဲ့ Bytedance က ထုတ်တာ။
ပတ်ဝန်းကျင်ထက် ပိုကြီးအောင်တွေးနိုင်တဲ့
ဥပမာတစ်ခုပဲ။
၂။ ခန္ဓာကိုယ်
Mind over matter ကြားဖူးလိမ့်မယ်။
ကိုယ့်ခန္ဓာကိုယ်ထက် ပိုကျော်ပြီး
တွေးနိုင်ဖို့လဲလိုတယ်။
အရင်ခေတ်က လေးမိနစ်ကို
တစ်မိုင်ထက်ပိုပြေးလို့မရဘူးဆိုတဲ့
အယူအဆရှိတယ်။
1954 မှာ Roger Bannister,
အသက် ၂၅ နှစ်က
၃ မိနစ် ၅၉.၄ စက္ကန့်နဲ့ စံချိန်ချိုးပြတဲ့နောက်ပိုင်း
လူပေါင်း ၁၆၆၄ ယောက်လောက်ကလဲ
လုပ်ဆောင်လာနိုင်တယ်။
ငါ့အိမ်က အကုန်ဖတ်တီးပါကွာ။
ကျွန်တော်၊ ကျွန်မက မှတ်ဥာဏ်မကောင်းဘူး။
သင်္ချာအားနည်းတယ်။
ဒီအတွေးအခေါ်တွေက
ခန္ဓာကိုယ်ရဲ့ ကန့်သတ်ခြင်းကို ခံထားရတယ်။
ကိုယ့်ခန္ဓာကိုယ်ထက်ပိုတွေးနိုင်ဖို့
လေ့ကျင့်မှုလိုတယ်။
၃။ အချိန်ကန့်သတ်မှု
လူအများစုက အတိတ်နဲ့ ပစ္စုပ္ပန်ကိစ္စတွေကိုပဲ
စဥ်းစားပြီး တိုင်ပတ်နေကြတယ်။
လူတစ်ယောက်ရဲ့ ဘဝကောင်းနိုင်မကောင်းနိုင်ကို
သူစဥ်းစားတဲ့ time horizon နဲ့ကြည့်လို့ရတယ်။
ဥပမာ နေ့စားသမားက တစ်ရက်စာနဲ့ကြည့်တယ်။
လစာသမားက တစ်လနဲ့ကြည့်တယ်။
တချို့က တစ်နှစ်နဲ့စဥ်းစားတယ်။
တချို့က ဆယ်နှစ် plan နဲ့ စဥ်းစားတယ်။
တချို့က ဒီထက်လဲပိုစဥ်းစားတယ်။
တချို့က မျိုးဆက်အလိုက်စဥ်းစားတယ်။
ဒါကြောင့် အတိတ်ဆိုတာ အနာဂတ်နဲ့
မတူဘူးသိဖို့လိုသလို၊
အချိန်ရဲ့ကန့်သတ်မှုကို ကျော်လွန်ပြီး
စဥ်းစားကြည့်ဖို့လိုတယ်။
၂၀၂၃ မှာ တိုင်ပတ်နေနိုင်ပေမယ့်
သေချာပြင်ဆင်ကြိုးစားရင်
၂၀၃၃ မှာတမျိုးတဖုန်ဖြစ်နေနိုင်တယ်။
ဒီကန့်သတ်ချက်သုံးခုကို ကျော်ပြီး
စဥ်းစားဖို့လိုတယ်လို့ တွေးမိတယ်။
Phyo Paing @ Derek