Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

အခြေခိုင်ဖို့ အခြေခံလိုတယ်။

စီးပွားရေးတိုးတက်နေတဲ့အချိန်
အောင်မြင်နေတာ စစ်မှန်တဲ့
အောင်မြင်မှုလို့ ခေါ်လို့မရနိုင်ဘူးလို့
ယူဆတယ်။

ဘယ်အခြေအနေဖြစ်ဖြစ်
ရပ်တည်နိုင်တာမှ အောင်မြင်မှုလို့
သတ်မှတ်ထားတယ်။

ဘာကြောင့်လဲဆိုတော့
Dotcom bubble ကွဲထွက်တဲ့အချိန်
ကုမ္ပဏီတွေ အစီအရီ ဒေဝါလီခံရတယ်။
Google, Amazon, Microsoft နဲ့
လက်တစ်ဆုပ်စာ ကုမ္ပဏီကတော့
တောင့်ခံပြီး ပြန်လည်ကြီးထွားနိုင်တယ်။

2002 မှာ SIRS ရောဂါဖြစ်တယ်။​
ကုမ္ပဏီတွေ မရှိတော့ဘူး။
Alibaba ကြီးထွားလာတယ်။

2008 recession ဖြစ်တယ်။
လူတွေအလုပ်ပြုတ်ကြသလို
တချို့ကုမ္ပဏီတွေ မရှိတော့ဘူး။
ပြဿနာအသစ်တွေနဲ့ အတူ
August 2008 မှာ
Airbnb တို့လို ကုမ္ပဏီတွေထွက်ပေါ်လာတယ်။
March 2009 မှာ
Uber ထွက်ပေါ်လာတယ်။

ဘာကြောင့် တချို့ကုမ္ပဏီတွေ
ဒေဝါလီခံသွားတဲ့ အချိန်မှာ
တချို့တွေ ရှင်သန်ပြီး ပြန်လည်ကြီးထွား
အသစ်တွေ ဖန်တီးနိုင်တာလဲဆိုရင်
အခြေခံ ခိုင်တဲ့အတွက်ဖြစ်တယ်။​

ဒါကို Amazon ရဲ့ Founder Jeff Bezos က
ရှင်းရှင်းလေး ရှင်းပြထားတယ်။
လူတွေက အနာဂတ်မှာ ဘာတွေပြောင်းမလဲ
သူ့ကို လာမေးတယ်။​
အနာဂတ်မှာ ပြောင်းလဲမည့်အရာတွေ
အများကြီး ရှိတယ်။
အဲ့ဒါထက် အရေးကြီးတဲ့အရာက
အနာဂတ်မှာ ဘာတွေ မပြောင်းလဲဘူးလဲ။
ဒီမေးခွန်းက ပိုအရေးကြီးတယ်။​
လူတွေက အနာဂတ်မှာ စျေးချိုတာတွေကို
ကြိုက်နေအုံးမယ်။​
လူတွေက အနာဂတ်မှာ မြန်မြန်ဆန်ဆန်
ပို့ဆောင်ပေးတာကို ကြိုက်နေအုံးမယ်။​
ဒါတွေက မပြောင်းလဲဘူး။
ဒါ အမေဇုန်ရဲ့ အခြေခံပဲ။

အခုလဲ Covid-19 ဖြစ်လာတယ်။
နောက် Coup လာတယ်။
နောက် Civil war လဲဖြစ်ကောင်း
ဖြစ်လာနိုင်သလို၊
Civil unrest တွေကလဲ
ဒီထက်ပိုအားကောင်းလာကောင်းလာနိုင်တယ်။

ဒီလို အပြောင်းအလဲတွေကြားမှာ
ကိုယ့်လုပ်ငန်းရဲ့ မပြောင်းလဲတဲ့
အခြေခံ Fundamentals တွေက
ဘာတွေလဲ ပြန်သုံးသပ်ပြီး
Business Model ပါပြန်ကြည့်ပြီး
ပြင်ဆင်သင့်ရင် ပြင်ဆင်ထားဖို့
လိုအပ်တဲ့ အချိန်ဆိုလဲ မမှားဘူးလို့
ယူဆတယ်။​

Phyo Paing @ Derek

Share Your Idea!​