လူမှန်ရင် အလုပ်လုပ်ရတယ်။
အလုပ်လုပ်တိုင်း အလုပ်မဖြစ်ဘူး။
အလုပ်ဖြစ်ဖို့ အစွမ်းအစတိုးတက်ဖို့လိုတယ်။
အစွမ်းအစတိုးတက်ဖို့ ပညာသင်တယ်။
သိသင့်တာသိတဲ့ အသိပညာရှိဖို့
အထက်တန်းကျောင်းပြီးအောင်
ကျောင်းပညာသင်တယ်။
လုပ်ဆောင်နိုင်တဲ့ အတတ်ပညာ
တတ်ဖို့အတွက် တက္ကသိုလ်တက်တယ်။
လောကရဲ့ အမှန်အမှားဆုံးဖြတ်နိုင်တဲ့
ဥာဏ်ပညာတိုးတက်ဖို့အတွက်
ဘဝတက္ကသိုလ်တက်ရတယ်။
တချို့က ဘဝကို တက္ကသိုလ်ထဲမှာ
ကြုံတွေ့ရတဲ့ ပြဿနာကို
တွေ့ရာက အဖြေရှာတယ်။
တချို့က စာအုပ်ဖတ် အဖြေရှာတယ်။
တချို့က ပြင်ပသင်တန်းတွေတက်
အဖြေရှာတယ်။
တချို့က တတ်ကျွမ်းသူတွေဆီက
သင်ကြားအကြံယူရင်
အဖြေရှာတယ်။
ဒီလုပ်ဆောင်မှုတွေအားလုံးက
အစွမ်းအစ တိုးတက်ဖို့ဖြစ်တယ်။
အစွမ်းအစရှိပြီး
အလုပ်မလုပ်ရင်လဲ
အလုပ်မဖြစ်ဘူး။
အစွမ်းမစမရှိဘဲ
အလုပ်လုပ်ရင်လဲ
အလုပ်ဖြစ်သင့်သလောက်မဖြစ်ဘူး။
Phyo Paing @ Derek