အားချန့် အလုပ်တွေလုပ်ရတာ အဆင်ပြေရဲ့လား?
အမေက မေးတိုင်း
ကျွန်တော့်အဖြေကသုံးခုပဲရှိတယ်။
ဘယ်လိုအခြေအနေ ရောက်နေနေ
၁။ အဆင်ပြေတယ်
၂။ အဆင်အရမ်းပြေတယ်
၃။ အရမ်းအရမ်းပြေတယ်။
ဒီအခြေအနေမှာ လူတိုင်း
သူ့ဟာနဲ့သူ ပြဿနာကရှိကြမှာပဲ။
ပြဿနာဘယ်လောက်ကြီးလဲဆိုတာ
ဒါကိုကြုံရတဲ့သူရဲ့ အရည်အချင်းပေါ်မူတည်တယ်။
ငါးတန်းစာမေးပွဲက
သူငယ်တန်းကျောင်းသားအတွက်ခက်နိုင်ပေမယ့်
ဆယ်တန်းကျောင်းသားအတွက်က
ဟာသဖြစ်ရင် ဖြစ်နေမယ်။
အဆင်ပြေ = ပြဿနာကို
အဆင်ပြေပြေဖြေရှင်းနိုင်တာ။
ဒေါ်လာနဲ့ ငွေကြေးပြဿနာ
အနာဂတ်အလားအလာပြဿနာ
ဝန်ထမ်းရေးရာ
ငွေကြေးရေးရာ
ဘဝက ကိုယ့်ကို သင်ခန်းစာတစ်ခုပြီးတစ်ခု
ပြဿနာ အယောင်ဆောင်ပေးလိမ့်မယ်။
ဒါကို ဖြေရှင်းနိုင်ရင်
နောက်တစ်ဆင့်တတ်ပြီပဲ။
လုပ်ငန်းစတုန်းက ရောင်းရဖို့
ရောင်းရတော့ ဝန်ထမ်းထိန်းနိုင်ဖို့
ထိန်းနိုင်တော့ ကုန်ပစ္စည်းတွေလည်ပတ်ဖို့
အမြတ်ငွေပုံမှန်ထွက်ဖို့
ကိုယ်မပါရင်တောင် လည်ပတ်နိုင်ဖို့
ဒီ skill ကို ဖြန့်ကျက်အသုံးပြုနိုင်ဖို့။
ပြဿနာတွေက တစ်ခုပြီးတစ်ခုလာမှာပဲ။
ဒါကို ပြဿနာမဖြေရှင်း ရှောင်ပြေးပြီး
အဆင်မပြေဘူး အော်နေလို့မရဘူး။
ငယ်ငယ်က အဖေနဲ့ အမေစကားများတဲ့အချိန်
အဖွားနဲ့ အမေ ပြဿနာတက်တဲ့အချိန်
အဒေါ်တွေနဲ့ နေတဲ့အချိန်
ဘော်ဒါဆောင်နေတဲ့အချိန်
တချို့အရာတွေကို ကိုယ်က control လုပ်လို့မရဘူး။
လုပ်လို့ရတာ ကိုယ့်ကိုပေးထားတဲ့
ပြဿနာကို ဖြေရှင်းတာပဲ။
Phyo Paing @ Derek